ချယ်လ်ဆီးမှ ပစ်မှတ်ထားနေသည့် အဒန်နာကို ဗလင်စီယာအသင်း ခေါ်ယူ

ချယ်လ်ဆီးမှ ပစ်မှတ်ထားနေသည့် အဒန်နာကို ဗလင်စီယာအသင်း ခေါ်ယူ

စပိန်၊ သြဂုတ် ၃၀ ။         ။ ချယ်လ်ဆီးအသင်းက ခေါ်ယူရန် ပစ်မှတ်ထားနေသည့် မိုနာကို နောက်ခံကစားသမား အဒန်နာကို ဗလင်စီယာအသင်းက ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ ဖြင့် ခေါ်ယူလိုက် ပြီဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် အဲဗာတန်နောက်ခံလူ ဂျွန်စတုန်းကို ခေါ်ယူမရသည့်အတွက် အဒန်နာကို ခေါ်ယူရန် ပြင်ဆင်နေခဲ့သော်လည်း ဗလင်စီယာအသင်း ကခေါ်ယူသွား ခဲ့ခြင်းဖြစ်သည်။

ဗလင်စီယာအသင်းသည် ချန်ပီယံလိဂ်အုပ်စုအဆင့်သို့ တက်ရောက်နိုင်ခဲ့သည့်အတွက် ခံစစ်ပိုင်းကို အင်အားဖြည့်တင်းလိုက်ခြင်း ဖြစ်သည်။ အသက် ၂၆ နှစ်အရွယ်ရှိ အဒန်နာအတွက် ဗလင်စီယာ အသင်းသည် ဦးစွာပထမ ယူရို ၂၅ သန်းပေးချေရမည်ဖြစ်ပြီး ကျန် ၅ သန်းကို ဒုတိယအကြိမ် ပေးချေမည် ဖြစ်သည်။

ဗလင်စီယာသို့ ပြောင်းရန် သဘောတူပြီးနောက်တွင် အဒန်နာက 'ဗလင်စီယာအသင်းက စပိန်နဲ့ ဥရောပမှာ ထိပ်တန်းအသင်းတစ်သင်းဖြစ်ပါတယ်။ ဒါကို သံသယ ဖြစ်စရာ မရှိပါဘူး။ အသင်းရဲ့ တည်ငြိမ် မှုနဲ့ ကောင်းမွန်တဲ့ အနာဂတ် စီမံကိန်းကြောင့် ပျော်ရွှင်မိပါတယ်။ နည်းစနစ်ဒါရိုက်တာအဖွဲ့၊ အသင်းဥက္ကဋ္ဌ လေးဟွန်းနဲ့ အသင်းပိုင်ရှင် ပီတာလင်းတို့ကို ကျေးဇူးတင်ပါတယ်။

အောင်မြင်တဲ့ ရာသီတစ်ခု ဖြစ်ဖို့ အသင်းဖော်တွေနဲ့ လက်တွဲပြီး ကျွန်တော် တတ်နိုင်သလောက် အစွမ်းကုန်ကစားသွားမှာပါ။ ပွဲတွေအများကြီးအနိုင်ရမယ်လို့ မျှော်လင့်ပါတယ်။

ဗလင်စီယာဟာ ဆုဖလားတွေ အများကြီးရထားတဲ့ ထိပ်တန်းအသင်းပါ။ ဗလင်စီယာကို လူတိုင်းသိပါတယ်။ ကမ္ဘာပေါ်က အကောင်းဆုံးလိဂ်မှာ ကစားရမှာ ဖြစ်လို့ ပျော်ပါတယ်။ အသင်းနဲ့အတူ အကောင်းဆုံးကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်' ဟု ဗလင်စီယာ အသင်းဝက်ဘ်ဆိုက်မှ တစ်ဆင့်ပြောကြားခဲ့သည်။

Ref: Goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly