ရုရှား-ခရိုင်းမီးယား တံတားသစ်ကို သမ္မတပူတင် ကိုယ်တိုင် ကားမောင်းပြီး စစ်ဆေးကြည့်ရှု

ရုရှား-ခရိုင်းမီးယား တံတားသစ်ကို သမ္မတပူတင် ကိုယ်တိုင် ကားမောင်းပြီး စစ်ဆေးကြည့်ရှု

 

မေ ၁၇ ။        ။ ရုရှားနဲ့ ခရိုင်းမီးယားဒေသအကြား ချိတ်ဆက်တည်ဆောက်ထားတဲ့ တံတားသစ်တစ်စင်း ဖွင့်ပွဲအခမ်းအနားကို မေလ ၁၅ ရက်နေ့က ကျင်းပခဲ့ရာမှာတော့ သမ္မတ ဗလာဒီမာ ပူတင် လာရောက်ဖွင့်လှစ်ပေးသွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့  သမ္မတ ပူတင်ဟာ ထရပ်ကားတစ်စီးကို ကိုယ်တိုင်တက်ရောက်မောင်းနှင်ပြီး အဆိုပါ တံတားသစ်ကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။

အရှည် ၁၂ မိုင်ရှိ တံတားသစ်ကတော့ မော်စကိုအစိုးရက သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသနဲ့ ရုရှားပြည်မကြီးတို့ကို ချိတ်ဆက်တည်ဆောက်ထားတာဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ရုရှားတောင်ပိုင်းက Taman ကျွန်းဆွယ်နဲ့ ယူကရိန်း ခရိုင်းမီးယားကျွန်းဆွယ်တို့ကို ဆက်သွယ်ဖောက်လုပ်ထားတာဖြစ်ပါတယ်။

ရုရှားတီဗီမှာ ပြသတဲ့ ရုပ်သံထဲမှာတော့ ဂျင်းဘောင်းဘီနဲ့ ဂျက်ကက်အကျီတို့ကို ၀တ်ထားတဲ့ သမ္မတ ပူတင်ဟာ အဆိုပါ တံတားသစ်ပေါ်ကနေ ဆောက်လုပ်ရေးလုပ်ငန်းသုံး ထရပ်ကားတစ်စီးကို ကိုယ်တိုင် တက်ရောက်မောင်းနှင်ပြီး စစ်ဆေးကြည့်ရှုခဲ့တာကို မြင်တွေ့ခဲ့ရတယ်လ်ို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags