တူရကီက အစ္စရေးကောင်စစ်ဝန်ချုပ်အား နိုင်ငံတွင်းမှ ယာယီထွက်ခွာရန် ပြည်နှင်

တူရကီက အစ္စရေးကောင်စစ်ဝန်ချုပ်အား နိုင်ငံတွင်းမှ ယာယီထွက်ခွာရန် ပြည်နှင်

 

အစ္စတန်ဘူလ်၊ မေ ၁၇ ။                                        ။ ဂါဇာနယ်စပ်တွင် ပါလက်စတိုင်းတို့အား အစ္စရေးက သတ်ဖြတ်ခြင်းနှင့် ပတ်သက်ပြီး အပြန်အလှန် အရေးယူမှုများ ကြီးထွားလာချိန်   နောက်ဆုံးဆောင်ရွက်ချက်တစ်ရပ်အဖြစ် တူရကီနိုင်ငံက အစ္စတန်ဘူလ်ရှိ အစ္စရေးကောင်စစ်ဝန်ချုပ်ကို နိုင်ငံတွင်းက ယာယီထွက်ခွာရန် ပြည်နှင်လိုက်သည်။

အချိန်ကာလအတိုင်းအတာတစ််ခုအထိ ကောင်စစ်ဝန်အနေဖြင့် တူရကီမှ ထွက်ခွာရမည်ဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်ဟု နိုင်ငံပိုင် Anadolu သတင်းဌာနက ထုတ်လွှင့်သည်။

တူရကီနိုင််ငံသည် တဲလ်အဗစ်ရှိ ၎င်း၏ သံအမတ်ကြီးကို ဆွေးနွေးညှိနှိုင်းရန်အတွက် ပြန်လည်ခေါ်ယူထားပြီးဖြစ်သကဲ့သို့ အစ္စရေးသံအမတ်ကြီးအားလည်း အန်ကာရာမှ ထွက်ခွာရန် ပြောထားပြီး ဖြစ်သည်။

အစ္စရေးက ဂျေရုဆလင်ရှိ တူရကီကောင်စစ်ဝန်အား အချိန်အတိုင်းအတာအတိအကျမရှိ နိုင်ငံတွင်းက ထွက်ခွာသွားရန် ပြောထားချိန်လည်း ဖြစ်သည်။

မေ ၁၆ ရက်က အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနသည် အစ္စတန်ဘူလ်လေဆိပ်မှ အစ္စရေးသံအမတ်ကြီး ထွက်ခွာလာခဲ့ရခြင်းနှင့် ပတ်သက်ပြီး တူရကီသံရုံးက ယာယီသံအမတ်ကြီး တာဝန်ခံကို သမ္မန် ဆင့်ခေါ်ခဲ့သည်။

တူရကီနိုင်ငံက ဂါဇာနယ်စပ် ဆန္ဒပြမှုများမှ ထိတွေ့မှုများတွင် အစ္စရေးစစ်တပ်က ပါလက်စတိုင််း ၆၀ ကို ပစ်သတ်ခြင်းအား စိတ်ဆိုးဒေါသထွက်ရကြောင်း ဖော်ပြသကဲ့သို့ တဲလ်အဗစ်ရှိ အမေရိကန်သံရုံးအား ဂျေရုဆလင်သို့ ရွှေ့ပြောင်းသည့် အမေရိကန်၏ ဆုံးဖြတ်ချက်ကြောင့် တင်းမာမှုများ ဖြစ်ရကြောင်း အပြစ်ပြောဆိုထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags