မကွေးတွင် အမျိုးသမီးငယ်တစ်ဦးအား အလိုမတူဘဲအဓမ္မပြုကျင့်မှုဖြစ်ပွား

မကွေးတွင် အမျိုးသမီးငယ်တစ်ဦးအား အလိုမတူဘဲအဓမ္မပြုကျင့်မှုဖြစ်ပွား

မကွေး၊ မေလ ၁၇ ။              ။  မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် လေးတိုင်စင်ကျေးရွာအုပ်စု၊လေးတိုင်စင်ကျေးရွာအနီး မေလ ၁၅ ရက်နေ့ ည ရ နာရီခွဲအချိန်ခန့်က အမျိုးသမီးငယ်တစ်ဦးအား အလိုမတူဘဲ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း  မြို့သစ်မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ  မ--------အသက် ၁၈ နှစ် သည် နေအိမ်မှ ရွာ၏မြောက်ဘက်(၅)ဖာလုံခန့် အကွာ မြောက်စမ်းပြင်တဲတိုက်ရှိ ဦးလေးဖြစ်သူ ဦးခိုင်ဆင့် အသက်၄၃နှစ်၏ နေအိမ်တဲတိုက်သို့ အလည်သွားရောက်ရာ ရွာမြောက်ပိုင်းရှိ ဒေါ်မြဝင်းကြည်၏ အိမ်ရှေ့အရောက်တွင် ဌေးအောင် အသက် ၂၂နှစ်( ဘ) ဦးမြင့်ဆွေ လေးထန်းပင်တဲတိုက်/လေးတိုင်စင်ကျေးရွာအုပ်စု ၊မြို့သစ်မြို့နယ်နေသူသည် မျက်နှာချင်းဆိုင်မှ လမ်းလျှောက်လာပြီး မ----------အနားအရောက် မ---------၏ပါးစပ်အားပိတ်ပြီး ရွာအရှေ့ဘက်ရှိတစ်ရွာတည်း နေဦးကျော်ဝေ၏ ယာကွက်ထဲသို့ ဆွဲခေါ်သွားပြီး မ-----------အား တွန်းလှဲကာ အလိုမတူဘဲ အဓမ္မပြုကျင့်ခြဲပီး ၄င်းနေထိုင်ရာ လေးထန်းပင်တဲတိုက်ဘက်သို့ ထွက်ပြေးသွားကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍မ------မှ၄င်းအား အလိုမတူဘဲ အဓမ္မပြုကျင့်သူ ဌေးအောင်အား ဥပဒေအရအရေးယူပေးပါရန် တိုင်ကြားခဲ့သဖြင့် မြို့သစ်မြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းနိုင်နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များသည် သတင်းရလျှင်ရခြင်း အမှုမှ အလိုမတူ အဓမ္မပြုကျင့်ခဲ့သူ ဌေးအောင်အား အမြန်ဆုံးဖမ်းဆီးအရေးယူနိုင်ရေး ၄င်းထွက်ပြေးသွားသည့်နေရာများသို့ အဆက်မပြတ် လိုက်လံထောက်လှမ်းရှာဖွေခဲ့ရာ ၄င်းအား နာရီပိုင်းအတွင်း ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍မ------က ဌေးအောင်အား ဥပဒေအရအရေးယူပေးပါရန် မေလ ၁၆ ရက်နေ့နံနက် ၅ နာရီ မိနစ်၄၀အချိန် မြို့သစ်ရဲစခန်းသို့ သတင်းပေးတိုင်တန်းသဖြင့် မြို့သစ်ရဲစခန်းမှ (ပ)၁၈၆/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ အမှုရေးဖွင့်ပြီး ဒုရဲမှူးဝင်းနိုင်က စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required