အမေရိကန်နည်းတူ ဂွါတီမာလာကလည်း ဂျေရုဆလင်တွင် သံရုံးဖွင့်လှစ်

အမေရိကန်နည်းတူ ဂွါတီမာလာကလည်း ဂျေရုဆလင်တွင် သံရုံးဖွင့်လှစ်

ဂျေရုဆလင်၊ မေ ၁၆ ။           ။ အမေရိကန်နည်းတူပင် ဂွါတီမာလာနိုင်ငံသည်လည်း သံရုံးအား မေ၁၆ ရက်၌ ဂျေရုဆလင်တွင် ဖွင့်လှစ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ဂွါတီမာလာသမ္မတ တက်ရောက်ပြီး ဒေသတွင်းဂုဏ်သရေရှိပုဂ္ဂိုလ်များနှင့် သတင်းမီဒီယာများပါ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားသို့ ဂွါတီမာလာသမ္မတ ဂျင်မီမိုရေးနှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့သည် ၎င်းတို့၏ ဇနီးမယားများနှင့်အတူ တက်ရောက်ကြသည်။

"ဂွါတီမာလာသံရုံးကို ကြိုဆိုပါတယ်။"ဟု ဂျေရုဆလင်မြို့တော်ဝန် နာဘာကတ်က ပြောသည်။

သမ္မတမိုရေးအနေဖြင့် အစ္စရေးသမ္မတ ရူဗငါရီဗလင်းနှင့်လည်း တွေ့ဆုံမည်ဖြစ်ကာ နေတန်ယာဟုနှင့် လာကတ်တို့နှင့်ပါ တွေ့ဆုံဖို့ရန်ရှိသည်။

ဂွါတီမာလာသံရုံးသည် ကုလသမဂ္ဂလုံခြံုရေးကောင်စီက အဖွဲ့ဝင်နိုင်ငံများအား ဂျေရုဆလင်မှ သံရုံးပြောင်းရွေ့ရန် အမိန့်ထုတ်သည့် ၁၉၈၀ ခုနှစ်ကအထိ ဂျေရုဆလင်တွင် ရှိခဲ့ခြင်းဖြစ်သည်။

စေ့စပ်ညှိနှိုင်းမှုများဖြင့် အသိအမှတ်ပြုမှုမရမချင်း ဂျေရုဆလင်အား အစ္စရေးမြို့တော်အဖြစ် အသိအမှတ်မပြုရန် နိုင်ငံတကာက ဘုံသဘောတူညီထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly