အခြားလိဂ်တွင်သာဆိုလျှင် ချယ်လ်ဆီးအသင်း ချန်ပီယံမျှော်လင့်ချက် အဆုံးသတ်သွားပြီ ဟုမော်ရင်ဟိုဆို

အခြားလိဂ်တွင်သာဆိုလျှင် ချယ်လ်ဆီးအသင်း ချန်ပီယံမျှော်လင့်ချက် အဆုံးသတ်သွားပြီ ဟုမော်ရင်ဟိုဆို

သြဂုတ် ၃၀၊ လန်ဒန် ။          ။ အခြားလိဂ်တစ်ခုတွင်သာဆိုလျှင် ချယ်လ်ဆီးအသင်း၏ချန်ပီယံမျှော်လင့်ချက်မှာ အဆုံးသတ်သွားပြီဟု ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက ယုံကြည်နေသည်။

စနေနေ့က စတမ်းဖို့ဒ်ဘရစ်ချ်တွင် ခရစ္စတယ်ပဲလေ့စ်ကို ၁-၂ ဖြင့်ရှုံးလိုက်ခြင်းကြောင့် ချယ်လ်ဆီးအသင်းသည် လေးပွဲကစားပြီးချိန်တွင် ဇယားထိပ်မှ မန်စီးတီးနှင့် ရှစ်မှတ်ကွာဟသွားခဲ့သည်။

"လေးပွဲမှာ လေးမှတ်ပဲရတာက သိပ်ဆိုးတဲ့ စတင်မှုပါ။ အခြားလိဂ်မှာသာဆိုရင် ပွဲပြီးသွားပြီလို့ ကျွန်တော်ပြောမိမှာပဲ။ ပရီးမီးယားလိဂ်မှာတော့ ဒီလိုပြောလို့မရသေးပါဘူး"ဟု မော်ရင်ဟိုက ဆိုပြီး "ဦးဆောင်သူနဲ့ ကျွန်တော်တို့ရှစ်မှတ်ပြတ်နေတယ်။ ဒါကပရီးမီးယားလိဂ်ပြိုင်ပွဲဖြစ်ပြီး အရင်ကထက် ပိုခက်လာတယ်လို့ ကျွန်တော်ထင်ပါတယ်"ဟု ဖြည့်စွက် ပြောဆိုသည်။

ချယ်လ်ဆီးအသင်းနှင့်အိမ်ကွင်းပွဲ ၁၀၀ ပြည့်သည့်ပွဲတွင် ခရစ္စတယ်ပဲလေ့စ်မှ ဆာခိုနှင့် ဝက်ဒ်တို့၏ ဂိုးများဖြင့် မော်ရင်ဟိုမှာ လက်ရှိရာသီ ဒုတိယမြောက်ရှုံးပွဲနှင့် ကြုံတွေ့ခဲ့ရသည်။

တိုက်စစ်မှူး ဖယ်လ်ကာအိုမှာ ချယ်လ်ဆီးနှင့်အတူပထမဆုံးဂိုးအဖြစ် ချေပဂိုးသွင်းခဲ့သေးသော်လည်း နောက်တန်းအားနည်းမှုကြောင့် အနိုင် ဂိုးပြန်ပေးရကာ ရှုံးနိမ့်ခဲ့ရသည်။

ကစားသမားတစ်ဦးချင်းစီ၏စွမ်းဆောင်ရည်ကို မှတ်ချက်ပေးရန် မော်ရင်ဟိုကငြင်းဆန်ခဲ့သော်လည်း အချို့ကစားသမားများ ခြေစွမ်းကျဆင်း နေသည်ဆိုခြင်းကိုမူ လက်ခံခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly