အိုဘားလက်ထက်တွင် အမေရိကန်ပြည်ထောင်စုမှာ ကမ္ဘာ့ခေါင်းဆောင်အခန်းကဏ္ဍကို ဆုံးရှုံးခဲ့ရဟု အမေရိကန် ဒုသမ္မတဟောင်း ဒစ်ချေနီပြောကြား

အိုဘားလက်ထက်တွင် အမေရိကန်ပြည်ထောင်စုမှာ ကမ္ဘာ့ခေါင်းဆောင်အခန်းကဏ္ဍကို ဆုံးရှုံးခဲ့ရဟု အမေရိကန် ဒုသမ္မတဟောင်း ဒစ်ချေနီပြောကြား

တီဟီရန်၊ သြဂုတ် - ၃၀ ။          ။ သမ္မတ ဘားရက် အိုဘားမားလက်ထက်တွင် အမေရိကန်ပြည်ထောင်စုမှာ ကမ္ဘာ့ခေါင်းဆောင်အခန်းကဏ္ဍကို ဆုံးရှုံးသွားခဲ့သည်ဟု အမေရိကန်ဒုသမ္မတဟောင်း ဒစ်ချေနီ ကပြောကြားခဲ့သည်။

မကြာမီထွက်ရှိလာတော့မည့်စာအုပ် ''ကမ္ဘာကြီးက သြဇာကြီးမားသော အမေရိကန်ကို ဘာ့ကြောင့်လိုအပ် (Exceptional: Why the World Needs a Powerful America)ဟူသည့် စာအုပ်ထဲ မှကောက်နုတ်ချက်တစ်ခုတွင် အိုဘားမားမှာ အမေရိကန်ပြည်ထောင်စု၏ ကမ္ဘာ့ခေါင်းဆောင်အခန်းကဏ္ဍကို အန္တရာယ်ကြီးမားစွာ လက်လွှတ်အညံ့ခံခဲ့သည်ဟု ချေနီနှင့် ၎င်း၏သမီးဖြစ်သူ လစ်ဇ်ချေနီ တို့က ရေးသားခဲ့သည်။

နှစ်ယောက်စလုံးက အိုဘားမားမှာ မရှိမဖြစ်သော အမေရိကန်သြဇာသဘာဝကို ဖျက်စီးပစ်ခဲ့သည်ဟု ဝေဖန်ထိုးနှက်လိုက်ကြပြီး အမေရိကန်ပြည်ထောင်စုအနေဖြင့် ကမ္ဘာကြီးကို ခေါင်းဆောင်ရန် နည်းလမ်းများ ရှာဖွေရလိမ့်မည်ဟုလည်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး အိုဘားမားမှာ အမေရိက၏ အားလုံးထက်သာလွန်မှုနှင့် ခွန်အားကို ထောက်မပေးထားသည့် ၇၅နှစ်တာ နှစ်ပါတီအစဉ်အလာမှ ခွဲထွက်ခဲ့သည်ဟုလည်း အပြစ်တင်ခဲ့သည်။

အိုဘားမားမှာ အီရတ်ကို လျစ်လျူရှုထားခဲ့ပြီး အာဖဂန်နစ္စတန်တွင်လည်း အလားတူလုပ်ဆောင်မည့် လမ်းကြောင်းပေါ်တွင် ရောက်နေသည်ဟု ချေနီသားအဖက စွပ်စွဲထားသည်။

ဒစ်ချေနီ ဒုသမ္မတ တာဝန်ထမ်းဆောင်နေစဉ်ကာလက သမ္မတ ဂျော့ ဒဗလျူဘုရှ်က အမေရိကန်တပ်ဖွဲ့များ၏ တပ်မှူးအနေဖြင့် တပ်များ ရုပ်သိမ်းမည့်ရက်ကို ဘဂ္ဂဒက်နှင့် ညှိနှိုင်းခဲ့သော်လည်း ၂၀၁၁ခုနှစ် တွင် သမ္မတအိုဘားမားက အီရတ်မှ တပ်များကို ရုပ်သိမ်းလိုက်သောကြောင့် အိုင်အက်စ်အကြမ်းဖက်အုပ်စု ခေါင်းထောင်ထလာခဲ့ခြင်းဖြစ်သည်ဟု ရီပတ်ဘလီကင်များက အပြစ်တင်နေကြ သည်။

ဆီးရီးယားအစိုးရအား မတည်မငြိမ်ဖြစ်စေရန် ၂၀၁၂ခုနှစ်တွင် ဂျော်ဒန်၌ စီအိုင်အေများကပင် လေ့ကျင့်ပေးခဲ့သည့် အိုင်အက်စ်အကြမ်းဖက်သမားများက အီရတ်နှင့် ဆီးရီးယားရှိ ၎င်းတို့ထိန်းချုပ်ထား ရာဒေသများတွင် လူသားအမျိုးအနွယ်အပေါ် ရာဇဝတ်မှုကြီးများကို ကျူးလွန်နေကြသည်။

အိုင်အက်စ်အကြမ်းဖက်သမားများက ရှီးယား၊ ဆွန်နီ၊ ကာ့ဒ်နှင့် ခရစ်ယာန်များအပါအဝင် လူ့အသိုက်အဝန်းအားလုံးကို ဆန့်ကျင်သည့် လူထုရှေ့မှောက် ခေါင်းဖြတ်ခြင်းများနှင့် ကားစင်တင်ခြင်းများ ကဲ့သို့သော တုန်လှုပ်ခြောက်ခြားဖွယ်ရာ အကြမ်းဖက်မှုကြီးများကို ကျူးလွန်နေကြသည်။

ဆက်လက်ပြီး ချေနီသားအဖက အိုဘားမားမှာ အိုဘားမားမှာ အီရန်နျူကလီးယား သဘောတူညီချက်နှင့် ပတ်သက်၍ လိမ်လည်ခဲ့သည်ဟု စွပ်စွဲကာ ကွန်ဂရက်အမတ်များအား သဘောတူညီချက်ကို ကန့်ကွက်မဲပေးကြရန် တိုက်တွန်းလိုက်သည်။

''အီရန်သဘောတူညီချက်နဲ့ ပတ်သက်တဲ့ အိုဘားမားပြောသမျှအားလုံးနီးပါးက အမှားတွေပါ။ ဒီသဘောတူညီချက်က အီရန်တွေကို နျူကလီးယားလက်နက်တွေမရအောင် တားဆီးမယ်လို့ အိုဘားမား ကပြောပေမယ့်လည်း တကယ်တမ်း ဒီသဘောတူညီချက်က အီရန်ရဲ့ နျူကလီးယားလက်နက်တိုက်ကို တရားဝဖြစ်အောင် အားပေးအားမြှောက်ပြုနေတာပါ''ဟု ချေနီသားအဖက ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required