တောင်ကိုရီးယားနှင့် အဆင့်မြင့်ဆွေးနွေးပွဲ မြောက်ကိုရီးယား ဖျက်သိမ်း

တောင်ကိုရီးယားနှင့် အဆင့်မြင့်ဆွေးနွေးပွဲ မြောက်ကိုရီးယား ဖျက်သိမ်း

မေ ၁၆ ။           ။ Max Thunder အမည်ပေးထားသည့် အမေရိကန်နှင့် တောင်ကိုရီးယားအကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ကန့်ကွက်သည့်အနေဖြင့် ယခုအခါ ဆိုးလ်နှင့်အကြား ပြုလုပ်မည့် အဆင့်မြင့်လယ်ဗယ်ဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း မြောက်ကိုရီးယားဘက်က ကြေညာသွားသည်။

အဆိုပါ အမေရိကန်နှင့် တောင်ကိုရီးယားအကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုအစီအစဉ်များကို ဆန့်ကျင်သည့်အတွက် မေလ ၁၆ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် တောင်နှင့်မြောက် အဆင့်မြင့်ဆွေးနွေးပွဲကို ပြုံယမ်းဘက်က ဖျက်သိမ်းသွားခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာလည်းပဲ လက်ရှိ အခြေအနေများကြောင့် မကြာမီ ကျင်းပရန် သဘောတူထားသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်း ကင်မ်ဂျံုအန်းတို့၏ ထိပ်သီးအစည်းအဝေးကိုပါ ဖျက်သိမ်းလိုက်ရနိုင်ကြောင်း မြောက်ကိုရီးယားတို့ဘက်က တစ်ဆက်တည်း ခြိမ်းခြောက်သွားခဲ့သည်။

" မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးအစည်းအဝေးရဲ့ ရှေ့ရေးကို မျှော်ကိုးပြီးတော့ အမေရိကန်တို့အနေနဲ့ ဒီချိန်မှာ ဆင်ဆင်ခြင်ခြင် လုပ်သင့်ပါတယ်" ဆိုပြီး မြောက်ကိုရီးယားသတင်းအေဂျင်စီ KCNA ၏ ဖော်ပြသွားကြောင်း Yonhap သတင်းဌာနက ကိုးကားဖော်ပြသွားသည်။

လက်ရှိကာလ တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးနွေးထွေးလာနေသည့်အခိုက်တွင် အမေရိကန်နှင့်တောင်ကိုရီးယားမဟာမိတ်နှစ်နိုင်ငံ၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများမှာ မိမိတို့ဘက်က ကျူးကျော်ရန်စသည့် လေ့ကျင့်မှုတစ်ခု ဖြစ်နေကြောင်း KCNA ကို ကိုးကားပြီး အဆိုပါ တောင်ကိုရီးယားသတင်းဌာနက ဖော်ပြသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly