စေ့စပ်ထားသောချစ်သူနှင့် လမ်းခွဲပြတ်စဲခဲ့ပြီဟု ပါ့ခ်ယူးချန်း၏ အေဂျင်စီ အတည်ပြု

စေ့စပ်ထားသောချစ်သူနှင့် လမ်းခွဲပြတ်စဲခဲ့ပြီဟု ပါ့ခ်ယူးချန်း၏ အေဂျင်စီ အတည်ပြု

တောင်ကိုရီးယားမှ နာမည်ကြီးအဆိုတော်နှင့် သရုပ်ဆောင်ဖြစ်သူ ပါ့ခ်ယူးချန်းသည် စေ့စပ်ထားသော သူ၏ ချစ်သူ ဟွမ်းဟန်နာနှင့် လမ်းခွဲပြတ်ဆဲခဲ့ပြီဟု သူ၏အေဂျင်စီက အတည်ပြုကြေညာခဲ့သည်။

မေလ ၁၅ ရက်နေ့တွင် ပါ့ခ်ယူချန်း၏အေဂျင်စီမှ အတွင်းလူတစ်ဦးက “ သူတို့နှစ်ဦးဟာ မကြာသေးခင်က လမ်းခွဲခဲ့ကြပါတယ်။ ကျနော်သိရသလောက်ဆိုရင် သူတို့နှစ်ယောက်ဟာ ချိန်းတွေ့တာမျိုးလည်းမရှိတော့သလို သူတို့ရဲ့ လက်ထပ်ပွဲကိုလည်း ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သူတို့ဘာလို့ လမ်းခွဲလိုက်လဲတော့မသိပါဘူး။ ဒါပေမယ့် ပြေပြေလည်လည်နဲ့ပဲ လမ်းခွဲခဲ့ကြတာပါ” ဟု ဆိုခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

ထိုဖော်ပြချက်များနှင့်ပက်သက်၍ ပါ့ခ်ယူးချန်း၏အေဂျင်စီဖြစ်သော C-JeS Entertainment က “ပါ့ခ်ယူးချန်းနဲ့ ဟွမ်းဟန်နာတို့ဟာ မကြာသေးခင်ကပဲ သူတို့ရဲ့ဆက်ဆံရေးကို အဆုံးသတ်ခဲ့ကြပါတယ်။ သူ့ရဲ့ကိုယ်ရေး ကိုယ်တာကိစ္စဖြစ်တာကြောင့် ဒီထက်ပိုပြီးပြောပြလို့မရတာကို နားလည်ပေးကြပါ။ ကျေးဇူးတင်ပါတယ်” ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ပါ့ခ်ယူးချန်းနှင့် ဟွမ်းဟန်နာတို့သည် လွန်ခဲ့သော ၂၀၁၇ ခုနှစ် ဧပြီလတုန်းက စေ့စပ်ခဲ့ကြခြင်းဖြစ်သည်။ သူတို့ သည် ၂၀၁၇ ခုနှစ် စက်တင်ဘာလတုန်းက လက်ထပ်ဖို့ရည်ရွယ်ထားခဲ့ကြသော်လည်း နောက်ဆုံးတွင် လက်ထပ်ပွဲကိုရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

သို့သော်လည်း မေလ ၁၆ ရက်နေ့တွင် ထပ်မံပေါ်ထွက်လာသော သတင်းများအရ သူတို့နှစ်ဦး၏ဆက်ဆံရေး အဆုံးသတ်သွားပြီဟု ပါ့ခ်ယူးချန်း၏ ကိုယ်စားလှယ်များက အတည်ပြုခဲ့သော်လည်း ဟွမ်းဟန်နာကမူ ထိုပြောဆိုချက်များကို သူမ၏အင်စတာဂရမ်မှတဆင့် ငြင်းဆန်ခဲ့သည်။

ဟွမ်းဟန်နာက သူတို့ချစ်သူနှစ်ဦးသည် အဆင်ပြေနေဆဲဖြစ်ကြောင်းနှင့် “သတင်းတွေကဖော်ပြနေတာတွေကို မယုံကြည်ကြပါနဲ့။ ဒါတွေအားလုံး အလိမ်အညာတွေချည်းပါပဲ” ဟု အင်စတာဂရမ်မှတဆင့် ပြောဆိုခဲ့သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly