ဆိုးလ်မြို့ရှိ အဆောက်အဦးဟောင်းတစ်လုံးကို ၀မ် ၅.၅ဘီလျံပေး၍ ၀ယ်ယူခဲ့သည့် ရှင်မင်အာ

ဆိုးလ်မြို့ရှိ အဆောက်အဦးဟောင်းတစ်လုံးကို ၀မ် ၅.၅ဘီလျံပေး၍ ၀ယ်ယူခဲ့သည့် ရှင်မင်အာ

တောင်ကိုရီးယားမှ နာမည်ကျော်မော်ဒယ်နှင့်သရုပ်ဆောင်ဖြစ်သူ ရှင်မင်အာသည် ဆိုးလ်မြို့မှ အဆောက်အဦး ဟောင်းတစ်လုံးကို ၀မ် ၅.၅ ဘီလျံပေးချေဝယ်ယူပြီး ရင်းနှီးမြှုပ်နှံမှုတစ်ခု ပြုလုပ်ခဲ့သည်။

မေလ ၁၅ ရက်နေ့က ဖော်ပြခဲ့သော သတင်းများအရ ရှင်မင်အာသည် ဆိုးလ်မြို့ရှိ ယောင်ဆန်ခရိုင်အနီးမှ ၃၄၂.၁ စတုန်ရန်းမီတာ ကျယ်ဝန်းသောအဆောက်အဦးဟောင်းတစ်လုံးကို ၀မ် ၅.၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၅.၁ သန်း) ၀န်းကျင်ခန့် ပေးချေပြီး ရင်းနှင်းမြှုပ်နှံမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအဆောက်အဦးဟောင်းသည် ၃.၃ စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၄၉၈၀၀ ခန့်ကျသင့်ကြောင်း သိရသည်။

သတင်းမီဒီယာများ၏အဆိုအရ ရှင်မင်အာဝယ်ယူလိုက်သော အဆိုပါအဆောက်အဦး၏သက်တမ်းသည် ဆယ်စုနှစ်များစွာခန့်ရှိပြီဖြစ်သည်။ သို့သော်လည်း ယင်းအဆောက်အဦးဟောင်းကို ပြန်လည်ပြုပြင်မွမ်းမံလိုက် လျှင် အဆောက်အဦး၏တန်ဖိုး များစွာမြင့်တက်လာနိုင်ပြီး ရှင်မင်အာအနေဖြင့် အမြတ်များစွာရရှိနိုင်သည်ဟု ခန့်မှန်းဖော်ပြခဲ့ကြသည်။

စီးပွားရေးလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေသော ရှင်မင်အာသည် အနုပညာလုပ်ငန်းကိုလည်း မလစ်ဟင်းစေပဲ Diva ဆိုသော လျှို့ဝှက်သည်းဖို ရုပ်ရှင်ဇာတ်ကား၌ ပါ၀င်သရုပ်ဆောင်ဖို့ လောလောဆယ် တွင် ဆွေးနွေးလျက်ရှိသည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly