ကယားတွင် ကျွန်းနှင့် ပိတောက်သစ် ၁၅၂ လုံးအား ပိုင်ရှင်မဲ့ဖမ်းမိ

ကယားတွင် ကျွန်းနှင့် ပိတောက်သစ် ၁၅၂ လုံးအား ပိုင်ရှင်မဲ့ဖမ်းမိ

ရန်ကုန်၊ မေလ ၁၅ ။          ။ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကွိုင်ငံရွာသစ်အနောက်ဘက် နေရာမှ ကျွန်းနှင့် ပိတောက်သစ် ၁၅၂ လုံး အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆောင်သောပူးပေါင်းအဖွဲ့က မေလ ၁၄ ရက်နေ့တွင် တရားမဝင်သစ်များ ရှာဖွေဖော်ထုတ် ဖမ်းဆီးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာမှ အဆိုပါ သစ်များဖမ်းဆီးရမိခဲ့ ခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ ယနေ့ မေလ ၁၅ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဒီးမော့ဆိုမြို့နယ်၊ ကွိုင်ငံရွာသစ်အနောက်ဘက်နေရာမှ တရားမဝင်ထုတ်လုပ်ထားသည့် ကျွန်းသစ်၊ ပိတောက်၊ ဓါးရွေ ၊ စုစုပေါင်း ၁၅၂ လုံး၊ တန်ချိန် ၃၃ ဒသမ ၆၃၂၂ တန်အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိခဲ့သည့် တရားမဝင်ထုတ်လုပ်ထားသောသစ်များနှင့်ပတ်သက်ပြီး လက်ရှိတွင် သက်ဆိုင်ရာ ဌာနများမှ ဆက်စပ်တရားခံများကို ဥပဒေနှင့်အညီ အရေးယူနိုင်ရန် စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly