Superman ရုပ်ရှင်မင်းသမီးကြီး မားဂေါ့ကစ်ဒါ အသက် ၆၉ နှစ်အရွယ်၌ ကွယ်လွန်

Superman ရုပ်ရှင်မင်းသမီးကြီး မားဂေါ့ကစ်ဒါ အသက် ၆၉ နှစ်အရွယ်၌ ကွယ်လွန်

တစ်ချိန်ကထွက်ရှိခဲ့သော Superman ရုပ်ရှင်ဇာတ်ကားထဲ၌ စူပါမန်း၏ချစ်သူဖြစ်သော လူဝဇ်လိန်းဇာတ်ကောင် အဖြစ် သရုပ်ဆောင်ခဲ့သော မင်းသမီးကြီး မားဂေါ့ကစ်ဒါသည် အသက် ၆၉ နှစ်အရွယ်၌ ကွယ်လွန်သွားပြီဖြစ် သည်။

သူမ၏ အသုဘကို အမေရိကန်နိုင်ငံ မွန်တာနာပြည်နယ် လစ်ဗင်စတွန်မြို့ငယ်လေးရှိ သူမ၏နေအိမ်၌ ပြုလုပ်ခဲ့ ပြီး ကစ်ဒါသည် တနင်္ဂနွေနေ့က သူမ၏နေအိမ်၌ပင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်ဟု ကျန်ရစ်သူမိသားစုက ဆိုခဲ့သည်။

သူမသည် မင်းသားကြီး ခရစ္စတိုဖာရိဗ်နှင့်အတူ ၁၉၇၀ ခုနှစ်နှင့် ၁၉၈၀ ခုနှစ်များက Superman ရုပ်ရှင်ဇာတ်ကားများတွင် အတူတွဲ၍သရုပ်ဆောင်ကာ အောင်မြင်မှုများရရှိခဲ့သည်။

ကနေဒါနိုင်ငံဖွားမင်းသမီးကြီးသည် လွန်ခဲ့သော ၂၀၀၅ ခုနှစ်က အမေရိကန်နိုင်ငံသားဖြစ်ခွင့်ရရှိခဲ့ပြီး အနုပညာလုပ်ငန်းများအပြင် နိုင်ငံရေးနှင့် အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် လူသိများ ခဲ့သည်။

သူမ သေဆုံးခဲ့ရသည့်အကြောင်းရင်းကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးကြောင်း သိရသည်။

ကစ်ဒါသည် ၁၉၇၈ ခုနှစ်က Superman ရုပ်ရှင်နှင့် ယင်းရုပ်ရှင်၏နောက်ဆက်တွဲဇာတ်ကားများတွင် ခရစ္စတိုဖာ ရိဗ်နှင့်အတူ တွဲ၍သရုပ်ဆောင်ခဲ့သလို ခြောက်ခြားဖွယ်ရာဇာတ်ကားများဖြစ်သော Black Christmas နှင့် The Amityville Horror တို့တွင်လည်း ပါ၀င်သရုပ်ဆောင်ခဲ့သူဖြစ်သည်။

သူမသည် နိုင်ငံရေးတက်ကြွလှုပ်ရှားသူအဖြစ် လွန်ခဲ့သော ၂၀၁၁ ခုနှစ်က အိမ်ဖြူတော်၌ပြုလုပ်ခဲ့သော Keystone ရေနံပိုက်လိုင်းစနစ်ကို ဆန့်ကျင်သည့်ဆန္ဒပြပွဲ၌ပါ၀င်မှုကြောင့် အဖမ်းခံခဲ့ရဖူးသူလည်းဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly