ကောလင်းရှိ တရားမဝင်ရွှေတူးဖော်မှုများအား ထိရောက်စွာ အရေးယူရန် တိုင်းဝန်ကြီးချုပ် ပြော

ကောလင်းရှိ တရားမဝင်ရွှေတူးဖော်မှုများအား ထိရောက်စွာ အရေးယူရန် တိုင်းဝန်ကြီးချုပ် ပြော
(ဓာတ်ပုံ- Sagaing Regional Information Page)

မုံရွာ၊ မေ ၁၄။        ။ ကောလင်းမြို့နယ်ရှိ တရားမဝင်ရွှေတူးဖော်မှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီးနောက် ထိရောက်စွာ အရေးယူရန် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်   ဒေါက်တာမြင့်နိုင်က ပြောကြားခဲ့ကြောင်း သိရသည်။

မေလ ၁၂ ရက်နေ့က ကောလင်းမြို့နယ်၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့ရာတွင် ပြောကြားခဲ့ခြင်း ဖြစ်ပြီး တရားမဝင်ရွှေတူးဖော်နေသော လုပ်ကွက်အတွင်းသို့လည်း သွားရောက်ကြည့်ရှုခဲ့ကြောင်း၊   ကောလင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက ပြောသည်။

"တရားမဝင်ရွှေတူးဖော်နေတာကို သိရက်နဲ့ အရေးမယူကြတဲ့ ဌာနဆိုင်ရာတွေကို အစီရင်ခံစာတင်ဖို့ ပြောသွား တယ်။ အထွေထွေအုပ်ချုပ်ရေးနှင့် သတ္တုတွင်းဦးစီးဌာနကို အဓိကထား ပြောသွားတယ်။"ဟု ကောလင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးတင်စိုးက ပြောသည်။

ဝန်ကြီးချုပ်ရောက်ရှိခဲ့သော တရားမဝင်ရွှေတူး ဖော်ရေးလုပ်ကွက်မှာ ကောလင်းမြို့နယ်နှင့် ကျွန်းလှမြို့နယ် အစပ်တွင်တည်ရှိပြီး မည်သည့်မြို့နယ် လက်အောက်တွင်ရှိသည်ကို အငြင်းပွားခဲ့ကြောင်း၊ အမှန်တကယ် မြေပုံထောက်ကြည့်ပါက ကောလင်းမြို့နယ်အတွင်း၌ တည်ရှိနေသော လုပ်ကွက် ဖြစ်ကြောင်း၊ သိရသည်။

ကောလင်းမြို့နယ်သည် တောင်သူလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသောဒေသဖြစ်ပြီး ရွှေသတ္တု အများအပြား ထွက်ရှိကာ ရွှေသတ္တုတူးဖော်သော ကုမ္ပဏီများ တွင်လည်း အလုပ်လုပ်ကိုင်ကြကြောင်း၊ ဦးတင်စိုးက ပြောသည်။

အဆိုပါကောလင်းမြို့နယ်တွင် တရားဝင်လုပ်ကိုင် နေသော ရွှေသတ္တုတူးဖော်ရေးကုမ္ပဏီများ ရ ခုခန့် ရှိပြီး၊ ရှမ်းကလုန်းကျေးရွာ၊ ဆင်းမကျေးရွာ၊ ကံပေါက်ကြီးကျေးရွာ၊ ကျွန်းတောကျေးရွာ တို့တွင် အခြေချ လုပ်ကိုင်လျှက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly