ပြည်သူ့ဘက်က ရပ်တည်မည့်ပါတီ ဟုတ်မဟုတ် သမိုင်းကြောင်းပြန်ကြည့်ဖို့ ဒေါ်စု တိုက်တွန်း

ပြည်သူ့ဘက်က ရပ်တည်မည့်ပါတီ ဟုတ်မဟုတ် သမိုင်းကြောင်းပြန်ကြည့်ဖို့ ဒေါ်စု တိုက်တွန်း
(ဓာတ်ပုံ - မင်းမင်း၊ မဇ္စျိမ)

နေပြည်တော်၊ သြဂုတ် ၃၀ ။       ။ လာမည့် နိုဝင်ဘာ ၈ ရက်၌ ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်သူလုထုသည် အရွေးခံမည့် ကိုယ်စားလှယ် တစ်ဦးချင်း၏ အရည်အချင်း အနေအထားကို အသေးစိတ် မလေ့လာနိုင်သော်လည်း ပါတီအစုအဖွဲ့တစ်ခု၏ သမိုင်းကြောင်း၊ မူဝါဒနှင့် လုပ်ဆောင်ချက်များကို လေ့လာပြီး ဆုံးဖြတ်၍ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ ဒီပါတီဟာ ပြည်သူလုထုဘက်က ရပ်တည်မယ့်ပါတီလား၊ ပြည်သူလူထုကို အနိုင်ကျင့်မယ့်ပါတီလား၊  ပြည်သူလူထုကို အခွင့်အရေး ယူပြီးတော့ အကျိုးအမြတ် ထုတ်မယ့်ပါတီလားဆိုတာ အဖြေတွေပေါ် လာလိမ့်မယ်။ အဲ့တော့ သမိုင်းကြောင်းကို ကြည့်ရမယ်” ဟု ၎င်းက နေပြည်တော်ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စု NLD အဖွဲ့ချုပ်ရုံးတွင် သြဂုတ်လ ၃၀ ရက်က ကျင်းပသည့် လူထုဟောပြောပွဲ ၌ပြော ကြားသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာ NLD အဖွဲ့ချုပ်ရုံးတွင် လူထုဟောပြောပွဲ လုပ်နေဆဲ ဖြစ်သည်။

“မဲဆွယ်စည်းရုံးရေးကာလ မရောက်သေးလို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ တားမြစ်ချက်ကြောင့် NLD ရုံးမှာပဲ ဟောပြောပွဲ လုပ်ရတာဖြစ်ပါတယ်” ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly