OPPO A37 ၏ Upgrade Version ဖြစ်သော OPPO A71k စမတ်ဖုန်းကို စျေးကွက်တွင် ဝယ်ယူနိုင်ပြီ

OPPO A37 ၏ Upgrade Version ဖြစ်သော OPPO A71k စမတ်ဖုန်းကို စျေးကွက်တွင် ဝယ်ယူနိုင်ပြီ

 

မိုဘိုင်းစျေးကွက်ထဲတွင် လူကြိုက်များမှုမြင့်တက်ခဲ့သည့် OPPO A37 အမျိုးအစားဖုန်း၏ နောက်ထပ်အဆင့်မြှင့် Model ဖြစ်သော OPPO A71k စမတ်ဖုန်းကို OPPO Myanmar ကတင်သွင်းရောင်းချပေးလိုက်ပြီးဖြစ်ရာ ယခုမေလ(၁) ရက်နေ့စတင်ကာ မြန်မာတစ်နိုင်ငံလုံးရှိ OPPO Showroom နှင့် OPPO အရောင်းကောင်တာများတွင် ၁၇၉,ဝဝဝ ကျပ်ဖြင့်ဝယ်ယူနိုင်ပြီဖြစ်သည်။ အရောင်ရွေးချယ်မှုအဖြစ် ယခင်က ယခုကဲ့သို့ entry-level စမတ်ဖုန်းအမျိုးအစားများထဲတွင် တစ်ခါမှမတင်သွင်းဖူးခဲ့သည့် အပြာရောင်နှင့်အတူ ပုံမှန်ဝယ်ယူနိုင်မည့် ရွှေရောင် ၂မျိုးကို စိတ်တိုင်းကျရွေးချယ်နိုင်စေမည်ဖြစ်သည်။

OPPO A71k စမတ်ဖုန်းဝယ်ယူသူများအနေဖြင့် Portable Speaker တစ်စုံကိုလက်ဆောင်အဖြစ်ရရှိမည်ဖြစ်သလို Telenor ၏ Data Package ကိုလည်း လစဉ်လတိုင်း ဖုန်းဘေလ် ၅ဝဝဝ ကျပ်ထည့်သွင်းရုံဖြင့် 1GB ပမာဏကို ၆လဆက်တိုက် စုစုပေါင်း 6GB အထိရရှိိစေဦးမည်ဖြစ်သည်။

OPPO A71k ဖုန်းမှာ HD ရုပ်ထွက်အရည်အသွေးထောက်ပံ့ပေးထားသည့် 5.2 inch မျက်နှာပြင်အရွယ်အစားကိုအသုံး  ပြုထားပြီး ဓာတ်ပုံရိုက်ကူးမှုအတွက် A.I နည်းပညာသုံး 5MP ရှေ့ကင်မရာနှင့် 13MP နောက်ကင်မရာတို့ကိုတပ်ဆင်ပေးထားသည်။ ဖုန်း၏လုပ်ဆောင်မှုပိုမိုမြန်ဆန်စေရန် Qualcomm 450 အမျိုးအစား Octa-core 1.8 GHz မြန်နှုန်းရှိ CPU ကို အသုံးပြုပေးထားကာ RAM 2GB ဖြင့်တွဲဖက်အလုပ်လုပ်စေမည်ဖြစ်သည်။ Internal Storage 16GB ပါဝင်ပြီး micro SD card မှတစ်ဆင့် 256GB အထိ တိုးမြှင့်အသုံးပြုနိုင်စေမည်ဖြစ်သည်။ Android OS 7.1 ပေါ်တွင်အခြေခံထားသည့် ColorOS 3.2 version ကြောင့်လည်း ဖုန်း၏အလုပ်လုပ်မှုအပိုင်းများနှင့် battery သုံးစွဲမှုအပိုင်းများကိုပါ မြန်ဆန်သက်သာစေမည်ဖြစ်သည်။ 2G/3G/4G ကွန်ယက်စနစ်များတွင်အသုံးပြုနိုင်ပြီး SIM Card ၂ခုနှင့် SD Card ၁ခုတို့ကိုတစ်ပြိုင်တည်းအသုံးပြနိုင်မည်ဖြစ်သည်။ ဖုန်း battery အတွက် 3000mAh အမျိုးအစားကိုထည့်သွင်းပေးထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags