သင့်ကားရဲ့လက်ရှိအခြေအနေကို ဂျပန်နိုင်ငံကအတိုင်း စစ်ဆေးပြီး Grade နဲ့ Market Value အဖြေတစ်ခု သိချင်ပါသလား ?

သင့်ကားရဲ့လက်ရှိအခြေအနေကို ဂျပန်နိုင်ငံကအတိုင်း စစ်ဆေးပြီး Grade နဲ့ Market Value အဖြေတစ်ခု သိချင်ပါသလား ?

“ကားစစ်ဆေးတန်ဖိုးသတ်မှတ်ခြင်း (Car Assessment Service)ကို ပြုလုပ်ပြီး ကားအဆင့် သတ်မှတ်ချက်် (Grade)နဲ့ Market Valueတန်ဖိုး သတ်မှတ်ခြင်းကို Toyota Aye and Sons(TTAS) က ပြုလုပ်ပေးနေပါပြီ။

Toyota မှ အသိအမှတ်ပြု လက်မှတ်ရ ကျွမ်းကျင်စစ်ဆေးသူများကသင့်ကားရဲ့အစိတ်အပိုင်းများကို တိတိကျကျ၊ သေသေချာချာစစ်ဆေးပြီး ဝါရင့်ဈေးကွက်ပညာရှင်များက   လေ့လာမှုရလဒ်အဖြေများနဲ့ အတူ ဈေးကွက်ပေါက်ဈေး (Market Price)ကိုတွက်ချက်ပေးခြင်းဖြစ်ပါတယ်။ နိုင်ငံတကာအဆင့်မှီစစ်ဆေးခြင်းကို မြန်မာငွေ(၁၄၀၀၀)ကျပ်ဖြင့် စစ်ဆေးမှုပေါင်း(၂၀၀)ကျော်ကို တစ်နေရာထဲမှာအပြီး စစ်ဆေးပေးသွားမှာ ဖြစ်ပါတယ်။

သင့်ကားအခြေအနေ၊ လက််ရှိမောင်းနှင်ပြီး အတိုင်းအတာ(kilo)၊ အင်ဂျင်အနေအထား၊ အပြင်ပိုင်း၊ အတွင်းပိုင်း ထပ်ဆောင်းတပ်ဆင် ထားတဲ့ အရာများပါမကျန်အသေးစိတ် စစ်ဆေးပြီးတာနဲ့ Assessment record ရလဒ်ကိုရရှိမှာဖြစ်ပါတယ်။ ကားကို ရောင်းချင်လို့ပဲဖြစ်ဖြစ်၊ လက်ရှိအတိုင်း ဆက်လက် ထိန်းသိမ်းထားချင်ရင်ပဲဲဖြစ်ဖြစ် assessment result က သင့်ကားအတွက် အာမခံချက်တစ်ခုအနေနဲ့ ရှိနေမှာဖြစ်ပါတယ်။

သင့်ကားရဲ့ Assessment Rating Result (အလုံးစုံစစ်ဆေးပြီး တန်ဖိုးဖြတ်သတ်မှတ်ပေးခြင်း) နဲ့ အတူ TTAS Service Member Card ကို ရယူနိုင်မှာဖြစ်ပြီးတော့ TTAS ရဲ့ အခြားသော ၀န်ဆောင်မှုတွေအပေါ်မှာ Discounts တွေ ရရှိနိုင်မှာပါ။  Member Card ရှိပြီးသားသူတွေအတွက်ကတော့ ကားစစ်ဆေးခြင်း ၀န်ဆောင်မှု တစ်ကြိမ် အခမဲ့ ရယူနိုင်ပါတယ်။

အောက်မှာဖော်ပြထားတဲ့  http://assessment.toyota-myanmar.com/#/login  ဆိုတဲ့ Link ထဲဝင်ပြီးရင်တော့ Register ပြုလုပ်ပြီး သင့်ကားရဲ့ အချက်အလက်တွေထည့်သွင်း ရမှာဖြစ်ပါတယ်။ စာရင်းသွင်းပြီးပါက သင်ပြုလုပ်မယ့်ရက်နဲ့အချိန်ကို တိတိကျကျသတ်မှတ်ပြီး Appointment (ရက်ချိန်း)ရယူကာ ပုလဲကွန်ဒို အနီး ,ကမ္ဘာအေး ဘုရားလမ်း Toyota Aye and Sons(TTAS) သွားရောက်ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုပါက

လိပ်စာ - No. 87(A), ပုလဲကွန်ဒို အနီး ,ကမ္ဘာအေး ဘုရားလမ်း , ရန်ကုန်မြို့၊

ဖုန်းနံပါတ် - 09954400950, 09954502206,01-400950,01-502206ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly