အက်ရှင်ရုပ်ရှင်ဇာတ်ကားသစ်၌ ပါဝင်သရုပ်ဆောင်မည်ဟု ဆောင်းဂျီဟိုအတည်ပြု

.

တောင်ကိုရီးယားမှ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်သော ဆောင်းဂျီဟိုသည် Enraged Bull ဟုအမည်ရ သော အက်ရှင်ရုပ်ရှင်ဇာတ်ကားသစ်၌ ပါဝင်သရုပ်ဆောင်သွားမည်ဟု အတည်ပြုကြေညာခဲ့သည်။

မေလ ၁၄ ရက်နေ့တွင် ဆောင်းဂျီဟို၏အေဂျင်စီဖြစ်သော MY Company က “ဆောင်းဂျီဟိုဟာ Enraged Bull ဆိုတဲ့ ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူမဟာ ပုံစံအသစ်တွေ၊ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်သွားမှာဖြစ်ပြီး သူမကိုအားပေးကြဖို့ တောင်းဆိုပါတယ်” ဟု ကြေညာခဲ့သည်။

Enraged Bull သည် ပြန်ပေးဆွဲခံခဲ့ရသော ဇနီးဖြစ်သူကိုကယ်ဆယ်ရန်အတွက် လူဆိုးလူမိုက်များနှင့်ရင်ဆိုင်ရ သည့် အမျိုးသားတစ်ဦးအကြောင်းကို ဇာတ်အိမ်တည်ထားသည့် အက်ရှင်ကားတစ်ကားဖြစ်သည်။ ယင်းရုပ်ရှင် တွင် အက်ရှင်မင်းသား မာဒေါင်ဆွတ်ခ်က ခေါင်းဆောင်မင်းသား ဒေါင်ချယ်လ်အဖြစ်သရုပ်ဆောင်သွားမည်ဖြစ် ပြီး သူ၏ဇနီးသည် ဂျီဆူးအဖြစ် ဆောင်းဂျီဟိုက သရုပ်ဆောင်မည်ဖြစ်သည်။

ဆောင်းဂျီဟိုသည် မကြာသေးခင်ကလည်း “Wind, Wind, Wind” ဆိုသော ရုပ်ရှင်ဇာတ်ကားထဲ၌ လူမှုမီဒီယာ သုံးစွဲမှုကို စွဲလမ်းနေသော အမျိုးသမီးတစ်ဦးအဖြစ်သရုပ်ဆောင်ခဲ့ဖူးသည်။ သူမရိုက်ကူးခဲ့ဖူးသော ရုပ်ရှင်များ နှင့် နှိုင်းယှဉ်လျှင် Enraged Bull ရုပ်ရှင်တွင် သူမကို ပိုမိုအားကောင်းသော၊ ကြမ်းတမ်းသောဇာတ်ကောင် အဖြစ် အမြင်ဆန်းစွာ တွေ့မြင်သွားရမည်ဟု သိရသည်။

Ref: Soompi

Tags: