ကာရစ်ကို မန်ချက်စတာယူနိုက်တက်နည်းပြအဖွဲ့ဝင်ဖြစ်လာစေဖို့ စီစဉ်နေတဲ့ မော်ရင်ဟို

ကာရစ်ကို မန်ချက်စတာယူနိုက်တက်နည်းပြအဖွဲ့ဝင်ဖြစ်လာစေဖို့ စီစဉ်နေတဲ့ မော်ရင်ဟို

မေ ၁၄၊ မန်ချက်စတာ။         ။ မန်ချက်စတာယူနိုက်တက်နည်းပြ မော်ရင်ဟိုဟာ သူ့ရဲ့လက်ထောက်နည်းပြ ရူအီ ဖာရီယာထွက်ခွာသွားပြီးနောက် လာမယ့် ရာသီမှာ တရားဝင်လက်ထောက်နည်းပြတစ်ဦးခန့်အပ်ဦးမှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

ဒါပေမဲ့ ကွင်းလယ်ကစားသမား မိုက်ကယ်ကာရစ်ကိုတော့ သူ့ရဲ့ ကာလရှည်လက်ထောက်နည်းပြဖြစ်လာစေဖို့ မော်ရင်ဟိုက စီစဉ်လျှက်ရှိနေပါတယ်။

တနင်္ဂနွေနေ့က အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်က ဝက်ဖို့ဒ်ကို ၁-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ကစားသမားဘဝကိုနှုတ်ဆက်ခဲ့တဲ့ အသက် ၃၆ နှစ် အရွယ် ကာရစ်ဟာ မော်ရင်ဟိုရဲ့ နည်းပြအဖွဲ့မှာ ပါဝင်လာတော့မှာဖြစ်ပါတယ်။

ဒါပေမဲ့ ယူနိုက်တက်နည်းပြမော်ရင်ဟိုက ကာရစ်အနေနဲ့ ဘဝသစ်မှာ စိတ်ရှည်ဖို့တော့လိုတယ်လို့ပြောပါတယ်။

မော်ရင်ဟိုက “လာမည့်ရာသီအတွက် လက်ထောက်နည်းပြမပါတဲ့ နည်းပြအဖွဲ့ကို ကျွန်တော်စုစည်းသွားမှာပါ။

မိုက်ကယ်ကာရစ်အနေနဲ့ ပရော်ဖက်ရှင်နယ်လိုင်စင်ရတဲ့အခါ အနာဂါတ်မှာ လက်ထောက်နည်းပြဖြစ်လာလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ လူတွေကထင်ကြတယ် ကစားသမားဖြစ်ပြီးရင် နည်းပြဖြစ်လာနိုင်တယ်လို့ပေါ့။ ဒါပေမဲ့ အဲဒီမဟုတ်ပါဘူး။

ဦးနှောက်က အသင့်ဖြစ်ပြီလို့ ခံစားရနိုင်ပေမယ့် အလေ့အကျင့်ဆိုတာလည်း လိုပါသေးတယ်”လို့ ပြောဆိုခဲ့ပါတယ်။

ကစားသမားဘဝက အနားယူခဲ့ပြီဖြစ်တဲ့ ကာရစ်ကလည်း ကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲက တစ်ယောက်ဖြစ်တဲ့ မော်ရင်ဟိုဆီကနေ ပညာတွေသင်ယူသွားမှာဖြစ်ကြောင်း၊ မော်ရင်ဟိုကလည်း သင်ပေးမှာသေချာကြောင်းနဲ့ အောင်မြင်မှုအချို့လည်းရယူနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ပါတယ်။

Ref; Daily mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly