ဟာဝိုင်ယီမီးတောင်တွင် ကြီးမားသည့် အက်ကွဲကြောင်းတစ်ခု ထပ်မံပွင့်ထွက်

ဟာဝိုင်ယီမီးတောင်တွင် ကြီးမားသည့် အက်ကွဲကြောင်းတစ်ခု ထပ်မံပွင့်ထွက်

မေ ၁၄ ။          ။ အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ်ရှိ Kilauea မီးတောင်ပေါ်တွင် မေလ ၁၃ ရက်က ကြီးမားသည့် ပပ်ကြားအက်တစ်ခု ထပ်မံ ပွင့်ထွက်လာခဲ့ပြီး ယင်းကနေတဆင့် ကျောက်တုံးနှင့် ကျောက်ရည်ပူတို့ကလည်း နားကွဲလုမတတ်ဆူညံစွာ ပေါက်ကွဲပန်းထုတ်လျက်ရှိသည်။

ယခုအခါ ယင်းအနီးအနား ဇုန်အတွင်း ရှိသည့် နေအိမ်များကို ခြိမ်းခြောက်နေပြီဖြစ်ပြီး အလျင်အမြန် ရွှေ့ပြောင်းရေး အာဏာပိုင်များက ညွှန်ကြားထားခဲ့ရသည်။

ယခု ပွင့်ထွက်လာသည့် ပပ်ကြားအက်ကြီးမှာ မေလ ၃ ရက် ယင်း မီးတောင်စတင်ပေါက်ကွဲပြီးနောက်ပိုင်း မီးတောင်ပေါ်တွင် ပွင့်ထွက်လာသည့် ၁၇ ခုမြောက် အက်ကွဲကြောင်းကြီးလည်း ဖြစ်သည်။

ယင်းမီးတောင်ပေါက်ကွဲမှုကြောင့် ပြီးခဲ့သည့် ဆယ်ရက်အတွင်း နေအိမ် ဒါဇင်နှင့်ချီ ပျက်စီးဆုံးရှုံးထားရပြီး လူပေါင်းရာကျော် ဘေးလွတ်ရာသို့ ထွက်ပြေးထားခဲ့ကြရသည်။

ဝေဟင်မှ မြင်တွေ့ရသည့် မြင်ကွင်းများအရ ယခုတစ်ကြိမ်ပွင့်ထွက်လာသည့် အက်ကြောင်းမှာ အရှည် မီတာ ၃၀၀ ခန့်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly