ဒီမိုကရေစီစနစ်ကို အင်န်အယ်လ်ဒီ ပါတီသွေဖယ်မှု လုံးဝမရှိ ဟုဒေါ်အောင်ဆန်းစုကြည်ပြော

ဒီမိုကရေစီစနစ်ကို အင်န်အယ်လ်ဒီ ပါတီသွေဖယ်မှု လုံးဝမရှိ ဟုဒေါ်အောင်ဆန်းစုကြည်ပြော
(ဓာတ်ပုံ - မင်းမင်း၊ မဇ္စျိမ)

နေပြည်တော်၊ သြဂုတ် ၃၀ ။         ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သမိုင်းတစ်လျှောက် ဒီမိုကရေစီစနစ်ကို သွေဖယ်ခဲ့ခြင်း လုံးဝမရှိခဲ့ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဥက္ကဋ္ဌဖြစ်သူဒေါ်အောင်ဆန်း စုကြည်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ မင်းကုန်းကျေးရွာ၌ ဩဂုတ် ၃၀ ရက်က ပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးဟောပြောပွဲတွင် ပြောဆိုလိုက်သည်။

လာမည့် နိုဝင်ဘာလ ၈ ရက်၌ ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများက အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်မှ ဝင်ပြိုင်မည့် ကိုယ်စားလှယ် တစ်ဦးချင်း၏ မျက်နှာများကို မကြည့်ဘဲ အဖွဲ့ချုပ် အလံ ကိုသာ ကြည့်၍ မဲပေးရန် ဒေါ်အောင်ဆန်းစုကြည် က မဲဆန္ဒရှင်များကို တောင်းဆိုလိုက်သည်။

“ ကိုယ့်ကိုယ်ကိုယ် မဲပေးနိုင်တဲ့ အနေအထားဖြစ်အောင် လုပ်လိုက်ပါ။ မဲစာရင်းမှာ ပါပါစေ။ မဲရုံကို အ   ချိန်မီရောက်ပြီး မဲပေးနိုင်အောင် လုပ်ပါ။ မဲပေးတဲ့အခါ မှန်မှန်ကန်ကန် မဲပေးဖို့ လိုပါတယ်။ မှန်မှန် ကန်ကန် မဲပေးတဲ့အခါ ကျတော့ ကျွန်မကတော့ ရိုးရိုးလေး တောင်းခံချင်တာက အဖွဲ့ချုပ်ရဲ့ အလံကို မဲပေးဖို့ပါ။

“ကျွန်မက ကိုယ်စားလှယ် တစ်ဦးချင်းကို ထောက်ခံဖို့ တောင်းဆိုတာ မဟုတ်ပါဘူး”ဟု သြဂုတ်လ ၃၀ ရက်က ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာ အဖွဲ့ချုပ်ရုံးတွင် ကျင်းပသည့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်တွင်းရှိ နေရာ ၅ နေရာတွင် တစ်ရက်တည်း ဟောပြော သွားမည်ဖြစ်ပြီး အာဏာပိုင်များဘက်က နေရာကန့်သတ်မှုများရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly