ခံတွင်းသန့််စင်ဆေးရည် နဲ့ ဆေးသင့်၊မဆေးသင့်

ခံတွင်းသန့််စင်ဆေးရည် နဲ့ ဆေးသင့်၊မဆေးသင့်

ရေးသားသူ Dr. Sandar Lin
 ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ကျွန်ုပ်တို့အားလုံးသည် မွှေးပျံ့ချစ်ခင်ဖွယ်ကောင်းသောခံတွင်းရနံ့ကို နှစ်သက်ကြပါသည် ။နေ့စဉ်ခံတွင်းကျန်းမာသန့်ရှင်းရေးအတွက် သွားတိုက်ခြင်းနှင့် သွားပွတ််ကြိုးဖြင့် သွားကြားထဲရှိအစာများကို သန့်ရှင်းခြင်းက လိုအပ်တယ်ဆိုတာကိုတော့ ပြောစရာမလိုပါဘူး။ ဒါပေမယ့် ခံတွင်းဆေးခြင်းကလည်း လိုအပ်တယ်ဆိုတာကိုတော့ ကျွန်ုပ်တို့ တော်တော်များများ မသိကြပါဘူး။ခံတွင်းဆေးခြင်းက ခံတွင်းရနံ့ကို ပြောင်းလဲစေရုံသာမက ခံတွင်းကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

ခံတွင်းသန့်စင်ဆေးရည် အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ

သွားပေါက်များမဖြစ်အောင် ကာကွယ်ခြင်း

ဖလိုရိုက်ဒ် (Fluoride ) ပါသော ခံတွင်းသန့်စင် ဆေးရည်ကတော့ သွားပေါက်များ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သွားမျက်နှာပြင်သည် အညစ်အကြေးနှင့် ကပ်ညှိနေသောအခါ ဖလိုရိုက်ဒ်ဓာတ်သည် သွားမျက်နှာပြင်ထဲသို့ စိမ့်ဝင်သွားပြီး အပေါ်ယံကြွေလွှာကို အား ဖြည့်ပေးပါတယ်။

သွားဖုံးရောဂါများ မဖြစ်အောင် ကာကွယ်ပေးခြင်း

သွားဖုံးနှင့် သွားဖုံးပေါက် များသည် သွားကြားထဲရှိ အစာများ ကြောင့် ပျက်စီးနိုင်ပါတယ်။ အယ်လ်ကိုဟော (သို့) ကလိုဟက်စီဒင်း (chlorhexidine) ပါသော ခံတွင်းဆေးရည်ဖြင့် ဆေးခြင်းဟာ   ရောဂါပိုးမွှားကို သေစေနိုင်ပြီး သွား၊ သွားဖုံးနှင့် ပတ်သက်သောရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။

လတ်ဆတ်သော ခံတွင်းရနံ့

ခံတွင်းဆေးရည်သုံးခြင်းဟာ ခံတွင်းရနံ့ဆိုးခြင်းကိုတော့ ခဏတာ သက်သာစေနိုင်ပါတယ်။ ခံတွင်းဆေးရည်များကို မိမိလိုချင်သော ရနံ့မျိုးစုံဖြင့် စတိုးဆိုင်များမှာ ၀ယ်ယူရရှိနိုင်ပါတယ်။ လူကြိုက်အများဆုံးကတော့ ပူရှိန်းပါသော ခံတွင်းဆေးရည် ဖြစ်ပြီး ၎င်းသည် ခံတွင်းနံ့ဆိုးခြင်းကို အဓိကဖြစ်စေသော ရောဂါပိုးမွှားများကို သေစေနိုင်ပါတယ်။

သွားတိုက်ခြင်း၊ ခံတွင်းဆေးခြင်း၊ သွားကြားရှိအစာများကို ရှင်း ခြင်း၊ ဘယ်အရာကိုအရင်ဆုံး လုပ်သင့်ပါသလဲ။

ဘယ်အရာကို အရင်ဆုံးလုပ်မလဲဆိုတာ အရေးမကြီးပါဘူး။ ၎င်းတို့ကို နေ့စဉ်ပုံမှန်ပြုလုပ်သွားမယ်ဆိုရင် တူညီသောအကျိုးကျေးဇူးရမှာပါ။ သို့သော်လည်း လူအများစုသည် သွားမျက်နှာပြင် သန့်ရှင်းအောင် သွားအရင်တိုက်ပြီးမှသာ သွားကြားထဲရှိ အစာများကို ရှင်းလင်းလေ့ရှိပါတယ်။ ထို့ နောက် ခံတွင်းဆေးရည်ကို အသုံးပြုပါတယ်။ သို့သော်လည်း ခံတွင်းဆေးရည်တွင် ဖော်ပြထားသော အသုံးပြုပုံကြည့်ရှုပြီးမှ သာ ဘယ်လိုအသုံးပြုမလဲဆိုတာ သိနိုင်ပါတယ်။

ကလေးများကလည်း ခံတွင်းဆေးရည် အသုံးပြုနိုင်ပါသလား။

ယေဘူယျအားဖြင့် (၆)နှစ်အောက် ကလေးငယ်များအတွက် ခံတွင်းဆေးရည်သည် မသင့်လျော်ပါဘူး။ အထူးသဖြင့် ဖလိုရိုက်ဒ် (fluoride) ပါသော ခံတွင်းဆေးရည်သည် ကလေးငယ်များ ကြိုက်နှစ်သက်ကာ မျိုချတတ်သောအရာဖြစ်သည်။ ထို့ ကြောင့် ခံတွင်းဆေးရည်တွင်ပါ၀င်သောသ သတိပြုရန် အညွှန်းနှင့် အသက် သတ်မှတ်ချက် အညွှန်းများကို စစ်ဆေးသင့်သည်။

ခံတွင်းသန့်စင်ဆေးရည်တွင် ဘာကိုကြည့်ရှုသင့်သလဲ။

ခံတွင်းဆေးရည်ဝယ်ရာတွင် အရေးကြီးဆုံး အရေးပါသော စံနှုန်းကတော့ ADA seal ဖြစ်ပါတယ်။ ADA seal ဟာ ခံတွင်း ဆေးရည်၏ထိရောက်မှုရှိခြင်းနှင့် ဘေးထွက်ဆိုးကျိုးနည်းခြင်း ကို ဖော်ပြပါတယ်။
သွားဆရာဝန်အများစုသည် အယ်လ်ကိုဟောမပါ၀င်သော ခံတွင်းဆေးရည် သည် သာမန်ခံတွင်းဆေးရည်ထက် ပိုကောင်းသည်ဟု ထောက်ခံကြပါတယ်။ ခံတွင်းဆေးရည်ထဲရှိ အယ်လ်ကိုဟော သည် ရေအလုံအလောက် မသောက်ပါက ခံတွင်းကို ခြောက်သွေ့စေပြီး အနံ့ကို ဆိုးရွားစေနိုင်ပါသည်။ ခံတွင်းရနံ့ဆိုးသောသူ၊ သွားပိုးစားသောသူများအတွက် သင့်လျော်သော ကုန်ပစ္စည်းများရှိတာကြောင့် ခံတွင်းသန့်ရှင်းရေးပစ္စည်းများ(သွားတိုက် ဆေး၊ ခံတွင်းဆေးရည်) မဝယ်ခင်မှာ မိမိ၏ ခံတွင်းပြဿနာ ကို သေချာစွာ စဉ်းစားပြီးမှ ၀ယ်ယူသင့်ပါတယ်။ သင်နှင့် သင့်လျော်သော ခံတွင်းဆေးရည်ကို ရွေးချယ်အသုံးပြုခြင်းက သင်၏ခံတွင်းကျန်းမာရေးကို များစွာအထောက်အကူ ပြုမှာ ပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက် သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် သင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly