သင့်ကိုယ့်ပိုင်စတိုင်လ်နဲ့ လိုက်ဖက်သွားစေမယ့် ဖန်သားမျက်နှာပြင်လိုထူးခြားတဲ့ OPPO F7 ဒီဇိုင်း

သင့်ကိုယ့်ပိုင်စတိုင်လ်နဲ့ လိုက်ဖက်သွားစေမယ့် ဖန်သားမျက်နှာပြင်လိုထူးခြားတဲ့ OPPO F7 ဒီဇိုင်း

ဒီနေ့ခေတ်စမတ်ဖုန်းထုတ်ကုန်တစ်ခုကို ရွေးချယ်တဲ့အခါမှာ ဒီဇိုင်းပိုင်းက ဘယ်အတိုင်းအတာထိ သင့်ကိုကြီးစိုးမှုရှိနေပြီလဲ။ ဖုန်းတစ်လုံးကို စတင်မဝယ်ယူခင်မှာ ဖုန်းနဲ့ပတ်သက်တဲ့အချက်အလက်တွေ အားလုံးကို တဖြည်းဖြည်းချင်းသိအောင် ကြိုးစားကြတာဖြစ်ပေမယ့် ဖုန်းတစ်လုံးရဲ့ဒီဇိုင်းပိုင်းကတော့ အဲ့ဒီဖုန်းကိုနောက်ဆုံး ဝယ်ယူမှုအဆင့်ထိ ရောက်အောင်ပို့ဆောင်ပေးနိုင်တဲ့ အဓိက တွန်းအားတစ်ရပ်ဖြစ်နေပါတယ်။ ဒီဇိုင်းပိုင်းရဲ့ညှိုယူဖမ်းစားမှုတွေက နောက်ထပ်ဒီဖုန်းအကြောင်းကို ပိုမိုလေ့လာသိရှိသွားစေနိုင်အောင်ပါ ဆက်လက် တွန်းပို့ပေးနေဦးမှာဖြစ်ပါတယ်။

ဖုန်းတစ်လုံးရဲ့ဒီဇိုင်းပိုင်းအတွက် လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ အမြင်အကြည့်မျိုးက မတူညီနိုင်ပေမယ့် ဆန်းသစ်မှုလည်းရှိမယ်၊ ပုံမှန်ဒီဇိုင်းဖရိမ်ထဲကနေလည်း ခွဲထွက်နေမယ်၊ နောက်ပြီး တစ်မူထူးခြားနေတဲ့  ဆွဲဆောင်မှုမျိုးရှိနေတဲ့ စမတ်ဖုန်းတစ်လုံးရဲ့ ဒီဇိုင်းကိုတော့ အားလုံးငေးမောစိုက်ကြည့်ကြမှာ အသေအချာပါပဲ။

OPPO F7 ကတော့ လက်ရှိထွက်ပေါ်ထားတဲ့သတင်းတွေအရ မြန်မာပြည်မိုဘိုင်းစျေးကွက်ကို မိတ်ဆက်တင်ပို့လာဖို့ သေချာသလောက်ရှိနေပါပြီ။ ဘယ်အချိန်လေးလဲဆိုတာကိုပဲ တစ်ချက်စောင့်ကြည့်နေကြတာပါ။ ဒီတစ်ကြိမ်မိတ်ဆက်လာမယ့် OPPO F7 ရဲ့ကိုယ်ထည်ဒီဇိုင်းက အရင်တုန်းကဒီဇိုင်းတွေနဲ့ လုံးဝကွဲထွက်သွားပါပြီ။ အထူးသဖြင့် ဖုန်းရဲ့နောက်ကျောဘက်က ဖန်သားမျက်နှာပြင်တစ်ခုကိုထိတွေ့ခံစားနေရသလို ဖန်တီးထားပါတယ်။ အမြင်ပိုင်းမှာလည်း တစ်မူထူးခြားတဲ့ပုံစံဒီဇိုင်းမျိုးနဲ့ဆွဲဆောင်မှုရှိနေသလို ဟန်ပန်စတိုင်လ်ချင်းမတူကြတဲ့   ခေတ်လူငယ်တွေအတွက် လိုက်ဖက်မှုရှိစေမယ့် ပုံစံဒီဇိုင်းမျိုးအဖြစ်ဖန်းတီးပေးထားတယ်လို့ သိထားပါတယ်။ မတူညီနဲ့ထောင့်ချိုးတွေကနေ အလင်းနဲ့အရိပ်တွေ ပေါင်းစပ်ဖြာကျလာတဲ့အသွင် ဒီဇိုင်းမျိုးအဖြစ် OPPO F7 ကို ထူးထူးခြားခြားဖန်တီးထားသလို အရောင်အသွေးပိုင်းမှာလည်း ယခင့်ယခင်တုန်းက မိတ်ဆက်ပေးထားခြင်းမရှိသေးတဲ့ Moonlight Silver အရောင်နဲ့အတူ ပြိုးပြိုးပြက်ပြက်ဝင်းလက်နေတဲ့ Solar Red နဲ့ စိန်ပွင့်အရိပ်ပုံစံအဖြစ်ဖန်တီးထားတဲ့ Diamond Black ဆိုပြီး အရောင်၃မျိုး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags