အဆောက်အဦဆောက်လုပ်ခွင့်လိုင်စင်များကို အင်ဂျင်နီယာကောင်စီတွင် တိုက်ရိုက်လျှောက်ထားနိုင်ရန် စီစဉ်နေ

အဆောက်အဦဆောက်လုပ်ခွင့်လိုင်စင်များကို အင်ဂျင်နီယာကောင်စီတွင် တိုက်ရိုက်လျှောက်ထားနိုင်ရန် စီစဉ်နေ

ဧပြီ ၁၁။          ။ အဆောက်အဦဆောက်လုပ်ခွင့်လိုင်စင်များကို မြို့တော်စည်ပင်သာယာရေးကော်မတီတွင် လျှောက်ထားရန်မလိုဘဲ အင်ဂျင်နီယာကောင်စီတွင် တိုက်ရိုက်လျောက်ထားနိုင်အောင်ဆောင် ရွက်နေကြောင်း ရန်ကုန်မြို့ Novotal ဟိုတယ်တွင် မေလ ၁၁ ရက်က ပြုလုပ်သော CEO Conference 2018 တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

“အခုဆောင်ရွက်နေတဲ့ အိမ်ရာစီမံကိန်းတွေ၊ ဆောက်လုပ်ခွင့်ပါမစ်ကိစ္စရပ်တွေအပေါ်မှာ လုပ်ငန်းရှင်တွေ အတွက် အခက်အခဲကြံုနေရတဲ့အခြေအနေတွေကိုလည်း သိရပါတယ်။ ဒီအခြေအနေတွေကို ပိုမိုလွယ်ကူ မြန်ဆန်စေဖို့အတွက် ကျွန်တော်တို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ဒီအတွက် အင်ဂျင်နီယာ တွေကို ကျွန်တော်တို့ အခွင့်အလမ်းပေးဖို့ရှိပါတယ်။ ဒါကြောင့် အင်ဂျင်နီယာကောင်စီကို ကျွန်တော်တို့ အသိ ပေးထားပါတယ်။ ယခင်က လိုင်စင်ကို အင်ဂျင်နီယာတွေ၊ ကန်ထရိုက်တာတွေက စည်ပင်မှာ လိုင်စင်သပ်သပ် လုပ်ရပါတယ်။ အခု ဒီအစီအစဉ်ကို ကျွန်တော်တို့ ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

၂၀၁၈ခုနှစ် ဧပြီ ၁ ရက်မှစပြီး တိုက်ရိုက်လိုင်စင်ကို အင်ဂျင်နီယာကောင်စီတွင် ဆောင်ရွက်ပြီး အင်ဂျင်နီယာများက တာဝန်ယူကာ မြို့တော်စည်ပင်သာယာရေးကော်မတီသို့ စည်ပင်သာယာဥပဒေနှင့်အညီ အိမ်ဆောက်ခွင့်ကို လာရောက်တင်ပြရန် ဖြစ်သည်။

ယင်းအပြင် အဆောက်အဦဆောက်လုပ်တိုးချဲ့ရန် စျေးစကားပြောသလိုဖြစ်နေသည့် အခြေအနေများကို ပြုပြင် ပြောင်းလဲရန်ရန် ရည်ရွယ်ကြောင်း သိရသည်။

“အခုဖြစ်နေတဲ့အခြေအနေက မြို့တော်စည်ပင်သာယာကို ဖိုင်လေးတစ်ခုပိုက်ပြီး မြို့တော်စည်ပင်သာ ယာမှာ အိမ်ကိုအပေါ်ကိုမြှင့်ရမလား ။ အောက်ကိုနှိမ့်လို့ရမလား ။ ဘေးကိုချဲ့လို့ရမလား Square Feet ဘယ်လောက် တိုးရမလားဆိုတဲ့ကိစ္စက စျေးစကားပြောသလိုချည်းဖြစ်နေပါတယ်။ ဒီအခြေအနေတွေ ကို ကျွန်တော်တို့အနေနဲ့ ပြုပြင်ပြောင်းလဲဖို့မျော်လင့်ထားပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

အဆောက်အဦဆောက်မည့်နေရာတွင် အထပ်မြင့်အတိုင်းအတာ၊ အကျယ်အဝန်း၊ အကွာအဝေး၊ ကားပါကင် စသော အခြေအနေများကို စည်ပင်သာယာဥပဒေနှင့်အညီ အင်ဂျင်နီယာ အဖွဲ့အစည်းများမှ Third Party တစ်ခုအဖြစ်နှင့် လိုင်စင်များကိုလျောက်ထားနိုင်ရန် အလွယ်ကူဆုံးဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required