စီးပွားရေးကဏ္ဍဆိုင်ရာဆွေးနွေးပွဲ CEO Conference 2018 ရန်ကုန်မြို့တွင် ကျင်းပ

စီးပွားရေးကဏ္ဍဆိုင်ရာဆွေးနွေးပွဲ CEO Conference 2018 ရန်ကုန်မြို့တွင် ကျင်းပ

ရန်ကုန် မေ ၁၁ ။                ။ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍဆိုင်ရာဆွေးနွေးပွဲ CEO Conference 2018 ကို ရန်ကုန်မြို့၊ Novotel Yangon Max တွင် မေလ ၁၁ ရက်နေ့က ကျင်းပခဲ့သည်။

CEO Conference 2018 သည် မြန်မာနိုင်ငံရှိအဆင့်မြင့် အစိုးရအရာရှိကြီးများ၊ ကဏ္ဍအလိုက် အထင်ကရ ထိပ်သီးပုဂ္ဂိုလ်များ၊ ထိပ်သီးအမှုဆောင်အရာရှိချုပ်များ၊စီးပွား ရေးလုပ်ငန်းရှင်များ စုစည်းပါဝင်သည့် တွေ့ဆုံဆွေးနွေး ပွဲ တစ်ရပ်ဖြစ်သည်။

ယင်း Conference ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စီးပွားရေးဆိုင်ရာကျွမ်းကျင် ပညာရှင် ဒေါက်တာအောင်ထွန်းသက် အပါအဝင် အစိုးရအဖွဲ့ဝင်များနှင့် ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းရှင် များ၊ စီးပွားရေးဆိုင်ရာလေ့လာသုံးသပ်သူများလည်း တက်ရောက်ခဲ့ကြသည်။

" ဒီပွဲကတော့ မြန်မာနိုင်ငံသားလုပ်ငန်းရှင်တွေ မြန်မာ နိုင်ငံသား CEO တွေ ဥပဒေနဲ့ပတ်သက်ပြီး ကျယ်ကျယ် ပြန့် ပြန့် သိရှိလာဖို့၊ ရင်းနှီးမြှပ်နှံမှုနဲ့ပတ်သက်ပြီး အခွင့်အလမ်းတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေဖို့ ရည်ရွယ် ကျင်းပတာပါ၊ ရင်းနှီးမြှပ်နှံမှုနဲ့ပတ်သက်ပြီး ဥပဒေပိုင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်မှု အားနည်းကြတယ်၊ ဒီလိုပွဲ တွေ လုပ်ခြင်းအားဖြင့် ဥပဒေကပေးထားတဲ့အခွင့်အရေး တွေက ဘယ်လို၊ တာဝန်တွေက ဘယ်လိုရှိတယ် ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာမယ့် အနေအထားပါ" ဟု ပွဲ စီစဉ်ရာတွင်ပါဝင်သူ ရင်နှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များ ညွှန်ကြား မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ ဝဏ္ဏအောင်က ပြောသည်။

CEO Conference ကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဒေါက်တာမြင့်နိုင်က အဖွင့်အမှာစကားပြောကြားခဲ့ ပြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဋ္ဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ စီးပွားရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာ အောင်ထွန်းသက်နှင့် ဦးဆောင်ဆွေးနွေးသူ ဒေါ်သီရိသက်မွန်တို့က မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ မူဝါဒဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။

"Conference တွေလုပ်တာ ဆရာတို့အားပေးရမှာပေါ့၊ ဒါပေမယ့် Conference ရဲ့ဦးတည်ချက်ကို ပြည့်မီအောင် လုပ်ဖို့လိုတယ်၊ အဓိကကတော့ လုပ်ငန်းရှင်တွေ စိတ်ဓါတ်တက်လာအောင် လုပ်ဖို့ လိုတယ်၊ စီးပွားရေး လုပ်ချင်တဲ့စိတ် ဒီထက်ပိုလုပ်ချင်အောင် ဖန်တီးပေးနိုင်ရင်တော့ ဆရာတို့ ပိုအောင်မြင်တာပေါ့၊ ဆွေးနွေးတာတွေက အများ ကြီး၊ ဒါပေမယ့် ခြုံငုံလိုက်ရင် ပုဂ္ဂလိကကဏ္ဍတိုး တက် အောင် လိုချင်တဲ့ ဦးတည်ချက်၊ အဲဒါ ရဖို့လိုတယ်၊ အဓိကကတော့ ဆရာတို့နိုင်ငံတိုးတက်ချင်ရင် ပုဂ္ဂလိက ကို အားကိုးမှရမယ်၊ နောက် လုပ်ငန်းရှင်တွေ သူဋ္ဌေး တွေကို အားကိုးမှရမယ်၊ ဒါကို နားလည်ဖို့ လိုတယ်" ဟု စီးပွားရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာအောင်ထွန်းသက်က ပြောသည်။

နေ့လည်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စီးပွားရေး၊ ကျန်မာရေးနှင့် လူမှုရေးအပါအဝင် လူနေမှုဘဝ တည်ဆောက်ရေးစကားဝိုင်းကို ရန်ကုန် တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် Global Shapers Yangon Hub မှ လူငယ်ခေါင်းဆောင်လေးဦး တို့၏ စကားဝိုင်းဆွေးနွေးပွဲကိုလည်း ထည့်သွင်းကျင်းပခဲ့ သည်။

CEO Conference 2018 ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)နှင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျင်းပခဲ့ ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required