ရွှေဘိုမြို့တွင် အလောင်​းမင်​းတရားကြီး နတ်​ပြည်​စံသက်​ (၂၅၈) နှစ်​ပြည်​့ အထိမ်​းအမှတ်​က​ျင်​းပ

ရွှေဘိုမြို့တွင် အလောင်​းမင်​းတရားကြီး နတ်​ပြည်​စံသက်​ (၂၅၈) နှစ်​ပြည်​့ အထိမ်​းအမှတ်​က​ျင်​းပ

 

မေလ ၁၁ ရက်။ ရွှေဘို ။               ။ အ​လောင်​းမင်​းတရားကြီး ဦး​အောင်​​ဇေယျ နတ်​ပြည်​စံသက်​ (၂၅၈)နှစ်​ပြည်​့ အထိမ်​းအမှတ်​ပွဲကို ​မေလ ၁၁ ရက်​ မနက်​ပိုင်​း၌ စစ်​ကိုင်​းတိုင်​း​ဒေသကြီး ​ရွှေဘိုမြို့ ရတနာသိင်္ဃ နန်​း​တော်​ရာမှာ ကုန်​း​​ဘောင်​မင်​းဆက်​ ​​ဆွေ​​တော်​မျိုး​တော်​​ ​တော်​ဝင်​အနွယ်​​​များက စု​ပေါင်​း၍ ကျင်​းပခဲ့သည်။

တတိယမြန်​မာနိုင်​ငံ​တော်​ကြီးကို စတင်​တည်​​ထောင်​ခဲ့သည့် အ​လောင်​းမင်​းတရားကြီး ဦး​အောင်​​ဇေယျနှင့် ကျရာတာဝန်​ထမ်​း​ဆောင်​ရင်​း စွန်​့လွှတ်​အနစ်​နာခံ​ပေးဆပ်​သွားကြသည့် မင်​းညီ၊မင်​းသား၊မိဖုရား၊​ ဆွေ​တော်​ မျိုး​တော်​၊စစ်​သည်​​ဗိုလ်​ပါ၊အရာထမ်​းအမှု၊ထမ်​းပြည်​သူ​တွေကို ရည်​စူးကာ ​ကျေးဇူးဆပ်​ကုသိုလ်​ပြု ၍ အမျှ​ပေး​ဝေ သည့်အ​နေဖြင့် ဒီပွဲကို ကျင်းပခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံအနွယ်တော်ဝင်အဖွဲ့က ဆိုသည်။

''အ​လောင်​းမင်​းတရားကြီး နတ်​ပြည်​စံနှစ်​ (၂၅၇)နှစ်​ပြည်​့တုန်းက မန္တ​လေးမြို့ ​ရွှေကျင်​ဓမ္မိကာရာမ ​​ကျောင်​းတိုက်​မှာ ဆွမ်​းကပ်​ကုသိုလ်​ပြုခဲ့ပြီး ယခုနှစ်​မှာ​တော့ ​ရွှေဘိုမြို့မှာ အ​ကောင်​ထည်​​ဖော်​နိုင်​ခဲ့တယ်။ မြန်​မာနိုင်​ငံ​တော်​ဝင်​အနွယ်​​တော်​​တွေရဲ့ စုစည်​းမှုအားနဲ့ ​နိုင်​ငံ​တော်​အတွက်​ အကျိုးပြုလုပ်​ငန်​း​တွေကို လစဉ်​ ပြုလုပ်​​​ဆောင်​ရွက်​​နေကြတယ် " ဟု မက္ခရာမင်​းသားကြီးရဲ့ တီ​တော်​ မက္ခရာသီဟ က ပြောသည်။

အထိမ်​းအမှတ်​ပွဲတွင် ​ရွှေဘိုခရိုင်​အ​ထွေ​ထွေ အုပ်​ချုပ်​​ရေးမှုးနှင့် ဌာနဆိုင်​ရာမှ တာဝန်​ရှိသူ​များ၊ ကုန်​း​ဘောင်​ မင်​း ဆက်​ ​ဆွေ​တော်​၊မျိုး​တော်​​တွေနှင့်မြန်​မာနိုင်​ငံ​ ​တော်​ဝင်​အနွယ်​​တော်​​များ ၊​​ရွှေဘို​ဒေသခံပြည်​သူ​များ တက်​​ရောက်​ခဲ့၍ ပင်​့ဖိတ်​သံဃာ(၄၆)ပါး အားလှူဖွယ်​ပစ္စည်​းဆက်ကပ်​လှူဒါန်​းခြင်း၊ပရိတ်​တရား နာယူခြင်း၊ ဆွမ်​းဆန်​စိမ်​းနှင့် လှူဖွယ်​ဝတ္ထုများ လောင်းလှူပူဇော်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required