ရန်ကုန်တွင် စည်ပင်သာယာရွေးကောက်ပွဲကို အမြန်ဆုံးဆောင်ရွက်နိုင်ရန် ပြင်ဆင်နေ ဟုဆို

ရန်ကုန်တွင် စည်ပင်သာယာရွေးကောက်ပွဲကို အမြန်ဆုံးဆောင်ရွက်နိုင်ရန် ပြင်ဆင်နေ ဟုဆို
ဓာတ်ပုံ - သက်ကို

ဧပြီ ၁၁။             ။ ရန်ကုန်တွင် စည်ပင်သာယာရွေးကောက်ပွဲကို အမြန်ဆုံးဆောင်ရွက်နိုင်ရန် ပြင်ဆင်ဆောင်ရွက်နေ ကြောင်း ရန်ကုန်မြို့ Novotal ဟိုတယ်တွင် မေလ ၁၁ ရက်က ပြုလုပ်သော CEO Conference 2018 တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

“အခုဆိုရင် အစိုးရသစ် သက်တမ်းဟာ နှစ်နှစ်ရှိလာပြီဖြစ်တဲ့အတွက် နောင်မကြာခင်မှာ အစိုးရသက်တမ်း နှစ်လယ်ကို ရောက်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် စည်ပင်သာယာရွေးကောက်ပွဲကို အမြန်ဆုံး ဆောင်ရွက်နိုင် ဖို့အတွက် ကျွန်တော်တို့ပြင်ဆင်ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ မြူနီစပယ်အက်ဥပဒေတစ်ခုကို ပြန်လည်ရေးဆွဲနိုင်ဖို့ တိုင်းဒေသကြီးလွှတ်တော်ကို တင်ပြထားပါတယ်။ တိုင်းဒေသကြီးလွတ်တော်ကို ဘာကြောင့်တင်ပြထားသလဲဆိုရင် ကျွန်တော်တို့ရှေ့မှာရှိတဲ့ ဥပဒေတွေကို ပြန်ပြုပြင်နိုင်ဖို့အတွက် လွတ်တော် ကို တင်ပြခဲ့တာဖြစ်ပါတယ်။ လွတ်တော်ကိုတင်ပြပြီး ဒီဥပဒေကို အတည်ပြု ပြီးရင်တော့ စည်ပင်သာယာ ရွေးကောက်ပွဲကို ဆောင်ရွက်ဖို့ အစီစဉ်ရှိပါတယ်” ဟု ၎င်းက ပြောသည်။

စည်ပင်သာယာရွေးကောက်ပွဲနှင့် ပတ်သတ်၍ ယခင်ကရှိသည့် စည်ပင်သာယာရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများသည် မေးခွန်းထုတ်စရာများရှိနေပြီး လူငယ်များ၏ ပါ၀င်နိုင်မှု အခန်းကဏ္ဍ၊ စည်ပင်သာယာ ရွေးကောက်ပွဲတွင် မဲပေးနိုင်သူတိုင်းမဟုတ်ဘဲ အိမ်ထောင်စုအလိုက်သာ မဲပေးနိုင်ခွင့်ရှိနေ ခြင်း၊ စည်ပင်သာယာရွေးကောက်ပွဲ အသုံးစရိတ်အခြေအနေများအတွက် တိတိကျကျဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

စည်ပင်သာယာရွေးကောက်ပွဲတွင် အငြင်းပွားမှုဖြစ်ခဲ့ရင်လည်း ဖြေရှင်းဆောင်ရွက်နိုင်ရန် ခိုင်မာသော လုပ်ထုံးလုပ်နည်းများမရှိခြင်း ပြီးခဲ့တဲ့အစိုးရသက်တမ်း၌ ပြုလုပ်ခဲ့သော စည်ပင်သာယာရွေးကောက်ပွဲ တွင် ပြည်သူလူထု၏ စိတ်ဝင်စားမှု အားနည်းခဲ့ကြောင်း ဦးဖြိုးမင်းသိန်းကပြောသည်။

“ပြန်လုပ်မယ့်ရွေးကောက်ပွဲ အပေါ်မှာတော့ ပြည်သူလူထုရဲ့ စိတ်ဝင်စားမှုနဲ့ ဒီမိုကရေစီနည်းလမ်းကျ တဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်ဖို့အတွက် ကျွန်တော်တို့မျော်လင့်ပါတယ်။ ရွေးကောက်ပွဲကို ပြည်သူရဲ့စိတ် ၀င်စားမှုဟာ ဒီမိုကရေစီစနစ်အပေါ်မှာ ပြည်သူရဲ့ပါ၀င်မှု အခန်းကဏ္ဍစိတ်ဝင်စားမှုဘဲဖြစ်ပါတယ်။ ဒါ ကြောင့် ရွေးကောက်ပွဲ တွေကို လူထုစိတ်ဝင်စားလာစေဖို့နဲ့   ရွေးကောက်ပွဲကို စနစ်တကျဖြစ်တဲ့ ရွေးကောက်ပွဲစနစ်ဖြစ်ဖို့ ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

ထို့အပြင် ရန်ကုန်မြို့တော်စည်ပင်သာယာတွင်ရှိသော ဌာနတွေအားလုံးကိုလည်း ပုံသဏ္ဌာန်တစ်ခု ပြောင်းလဲရ န် ပြင်ဆင်နေပြီး ဆောက်လုပ်ရေးလုပ်ငန်းလုပ်နေသူများ၊ ရေပေးဝေရေးဌာန၊ ရေဆိုးစွန့် ပစ်မှု ကိစ္စရပ်များတွင် မေးခွန်းထုတ်စရာများစွာရှိနေကြောင်းသိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကို ၂၀၁၄ ခုနှစ်ကပြုလုပ်ခဲ့ပြီးအစိုးရသစ် တာဝန်ယူပြီး၂၀၁၆ ခုနှစ်တွင် အစိုးရကကော်မတီဝင်များ တာဝန်ပြီးဆုံးကြောင်း ကြေညာကာ အနား ပေးခဲ့သည်။

နောက်တစ်ကြိမ်စည်ပင် ရွေးကောက်ပွဲကို ယခုအချိန်အထိ မပြုလုပ်သေးဘဲ စည်ပင်ဥပဒေအသစ် အတည်ပြုပြီးမှသာ ရွေးကောက်ပွဲပြုလုပ်ရန် ရန်ကုန်တိုင်းအစိုးရက စီစဉ်ထားကြောင်းသတင်းရရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required