မိုးရွာသွန်းမှု၊ မိုးတိမ်တောင်နှင့် ခရမ်းလွန်ရောင်ခြည်အပါ၀င် မိုးလေဝသခန့်မှန်းချက် ထုတ်ပြန်

မိုးရွာသွန်းမှု၊ မိုးတိမ်တောင်နှင့် ခရမ်းလွန်ရောင်ခြည်အပါ၀င် မိုးလေဝသခန့်မှန်းချက် ထုတ်ပြန်

မေ ၁၀ ။            ။ မေလ ၁၁ ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်အနေဖြင့်  မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်၊  ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများ အခြေအနေ၊ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှုအလားအလာအပါအဝင် မိုးလေဝသခန့်မှန်းချက်တွေကို ဒေါက်တာထွန်းလွင်က ထုတ်ပြန်ထားသည်။

မေလ ၁၀ ရက် ည(၇း၃၈)နာရီတိုင်းတာချက်အရ ကချင်ပြည်နယ်၊ ၊ရှမ်းပြည်နယ်(မြောက်ပိုင်း) နှင့် စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း) တို့မှာ နေရာကွက်ကျား၊ ရခိုင်ပြည်နယ်၊ကယားပြည်နယ်၊ မန္တလေး တိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် နေရာကျဲကျဲ၊ ကျန်ဒေသတွေမှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပါမယ်။” ဟု မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်ကို ဖော်ပြထားသည်။

မိုးရွာသွန်းခြင်းနှင့်အတူ မိုးကြိုးပစ်မှုအန္တရာယ်ဖြစ်ပေါ်စေနိုင်သော မိုးတိမ်တောင်နှင့်ပတ်သက်ပြီး “ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊မကွေးတိုင်း၊ မန္တလေးတိုင်း၊ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ အရှေ့ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်ဖြစ်ရန်သေချာမှု ၃၅% မှ ၅၅% ခန့်၊ကျန်ဒေသများတွင် သေချာမှု ၁၅% မှ ၃၅% ခန့်ရှိနိုင်ပါတယ်။” ဟု ဦးထွန်းလွင်က လူမှုကွန်ယက်မှ တဆင့် ဖော်ပြထားသည်။

တစ်နိုင်ငံလုံးအမြင့်ဆုံးအပူချိန်အနေဖြင့့် 40°C ထိရှိနိုင်ပြီး ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများအခြေအနေ တွင် တနင်္သာရီတိုင်းဒေသကြီး(တောင်ပိုင်းစွန်း) မှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အလွန်မြင့်မားအဆင့် တွင်ရှိနိုင်ပြီး၊ကျန်ဒေသတွေမှာ လွန်ကဲ အဆင့် တွင်ရှိနိုင်ကြောင်း ဖော်ပြထားသည်။

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ရန် အလားအလာ မရှိသေးဘဲ နောက်နှစ်ရက်အတွက်ခန့်မှန်းချက် အနေဖြင့်  မြန်မာနိုင်ငံ တောင်ပိုင်း နှင့် မြစ်ဝကျွန်းပေါ်ဒေသတွေမှာ မိုးပိုလာနိုင်ကြောင်း သတိပေးထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required