အလိုမတူဘဲ အဓမ္မပြုကျင့်မှုဖြင့် ဖမ်းဆီးခံထားရသည့် အဆိုတော်အစ္စဏီအား ပုဒ်​မ ၃ ခုဖြင်​့ တရားစွဲဆို

အလိုမတူဘဲ အဓမ္မပြုကျင့်မှုဖြင့် ဖမ်းဆီးခံထားရသည့် အဆိုတော်အစ္စဏီအား ပုဒ်​မ ၃ ခုဖြင်​့ တရားစွဲဆို
ဓာတ်ပုံ - သက်ကို

ရန်​ကုန်​၊ ​မေလ ၁ဝ ။                       ။ မော်ဒယ်စူးရှထက်အား အဓမ္မပြုကျင့်မှုဖြင့် ​ဖမ်းဆီးထား​​သော အဆိုတော်အစ္စဏီအား တာ​မွေမြို့နယ်​တရားရုံးမှ ပုဒ်​မ ၃ ခုဖြင်​့ တရားစွဲဆိုလိုက်​သည်​။

အဆိုတော် အစ္စဏီကို တရားရုံးအမှတ်​ ၄၂၂/၁၈၊ ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ- ၃၇၆ (မုဒိမ်​းမှုအတွက်​ပုဒ်​မ)/၃၂၃(မိမိအလိုအ​လျောက်​ နာကျင်​​စေမှုအတွက်​ ပုဒ်​မ)/၃၂၄( ​ဘေးဖြစ်​​သောလက်​နက်​ဖြင်​့ သို့မဟုတ်​ မိမိအလိုအ​လျောက်​နာကျင်​​စေမှုပုဒ်​မ)တို်​့​ ဖြင်​့ တရားစွဲဆိုခဲ့ခြင်​းဖြစ်​သည်​။

အဆိုတော်အစ္စဏီအား ဖမ်းဆီးခဲ့သည်​့ ဧပြီလ ၁၂ ရက်နေ ့တွင်​ ပထမအကြိမ်ရမန်၊ ဧပြီလ ၂၆ ရက်နေ ့့တွင် ​ဒုတိယအကြိမ်ရမန်ယူခဲ့ပြီး ယ​နေ ့မေလ ၁ဝ ရက်နေ ့တွင်​ ပထမဆုံးအကြိမ်ရုံးထုတ်စစ်ဆေးခဲ့သည်​။

ယင်​းအမှုနှင်​့ပတ်​သက်​ပြီး စစ်​​ဆေးရန်​အတွက်​ တရားလိုပြသက်​​သေ ၁၁ ဦးတင်​သွားထားပြီး တာ​မွေမြို့နယ်​တရားသူကြီးက လာမည်​့ ​မေလ ၂၃ ရက်​​နေ့ကို ပြန်​လည်​ချိန်​းဆိုလိုက်​သည်​။ အဆိုပါရုံးချိန်​းတွင်​ တရားလိုဖြစ်​သည်​့ မော်ဒယ်စူးရှထက်(​ခ) ဇာခြည်​​ဌေး အားစတင်​စစ်​​ဆေးသွားမည်​ဖြစ်​​ကြောင်​းသိရသည်။

အဆို​တော်​ အစ္စဏီအား အဓမ္မပြုကျင့်မှု၊ အပြင်းအထန်နာကျင်စေမှုအပါအဝင် ရာဇသတ်ကြီးပုဒ်မ ၃၇၆/ ၃၂၅/ ၃၂၄ ပုဒ်မသုံးခုဖြင့် ​ မော်ဒယ်စူးရှထက် ကိုယ်တိုင် တရားလိုပြုလုပ်ပြီး တာမွေရဲစခန်းတွင် ​ဧပြီလ ၁၂ ရက်နေ့ က အမှုဖွင့်တရားစွဲဆိုထားခြင်​းဖြစ်​သည်​။

ဖြစ်စဉ်မှာ ဧပြီ ၁၂ရက်​​နေ့က မော်ဒယ်စူးရှထက်၏ ​နေအိမ်တိုက်ခန်းတွင်​ ရည်းစားဟောင်း အဆိုတော် အစ္စဏီက စူးရှထက်ကို တစ်ကိုယ်လုံးကို ဖျစ်ညှစ်ခြင်း၊ ယာလက်ညှိုး၊ လက်ခ လယ်၊ လက်သူကြွယ်တို့နှင်​့ လက်သည်းခွံများအား လှန်ချိုးခဲ့သဖြင်​့ နာကျင်ပြီး သတိမေ့နေစဉ်​ ၂ ကြိမ် အဓမ္မပြုကျင့်ခဲ့ခြင်​းဖြစ်​​ကြောင်​း ရဲတပ်ဖွဲ့​မှသတင်းထုတ်ပြန်​ထားသည်​။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly