ငွေဆောင်ကမ်းခြေရှိ ဟိုတယ်အချို့မှ ၀န်ထမ်းများကို အခြေခံမီးသတ်သင်တန်းသင်ကြား

ငွေဆောင်ကမ်းခြေရှိ ဟိုတယ်အချို့မှ ၀န်ထမ်းများကို အခြေခံမီးသတ်သင်တန်းသင်ကြား
 
ဓာတ်ပုံ Ministry of Hotels & Tourism

 

မေ ၁၀။             ။ ငွေဆောင်ကမ်းခြေရှိ ဟိုတယ်အချို့မှ ၀န်ထမ်းများကို မီးဘေးကြိုတင်ကာကွယ်ရေးနှင့် အခြေခံ မီးငြိမ်းသတ်ရေးသင်တန်း ပထမဆုံးအကြိမ် ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ငွေဆောင်ရုံးခွဲမှ သတင်းရရှိသည်။

ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ငွေဆောင်ရုံးခွဲ၊ ငွေဆောင်မြို့ မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း (ငွေဆောင်ဇုန်) Myanmar Treasure Resort Hotel နှင့် Aureum Palace Hotel တို့ ပူးပေါင်းစီစဉ်မှုဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် အခြေခံမီးငြိမ်းသတ်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို မေလ ရ ရက်က ငွေဆောင်ကမ်းခြေရှိ Myanmar Treasure Resort Hotel ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး နောက်ပိုင်းတွင် ငွေဆောင်ကမ်းခြေရှိ ဟိုတယ် များမှ ၀န်ထမ်းအားလုံးကို အခြေခံမီးသတ်သင်တန်း ဖွင့်လှစ်သင်ကြားပေးသွားရန် လုပ်ဆောင်နေကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ငွေဆောင်ရုံးခွဲတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝင်းက ပြောသည်။

“လက်ရှိ ဟိုတယ် ၂ခုက ၀န်ထမ်းတွေကို ပထမဆုံးအကြိမ်အနေနဲ့ အခြေခံမီးသတ်သင်တန်း စလုပ် တယ်။ နောက်လည်း ဟိုတယ်ဇုန် အားလုံးပါတဲ့ မီးသတ်သင်တန်းကို ဖွင့်လှစ်ဖို့နေရာလည်း စီစဉ်ထားတယ်။ ဆက်လက်လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိတယ်” ဟု ၎င်းက ပြောသည်။

ငွေဆောင်ဟိုတယ်ဇုန်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ လိုင်စင်ချပေးထားသည့် ဟိုတယ်နှင့် တည်းခိုခန်းစုစုပေါင်း အလုံး ၃၀ရှိပြီး လက်ရှိ ပထမဆုံးအကြိမ်အဖြစ် Myanmar Treasure Resort Hotelနှင့် Aureum Palace Hotelမှ ၀န်ထမ်း ၄၀ဦးကို အခြေခံမီးသတ် သင်တန်း သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အခြေခံမီးသတ်သင်တန်းကာလမှာ မေလ ရ ရက်မှ မေလ ၁၈ ရက်အထိ ရက်သတ္တပတ် ၂ ပတ် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required