မန်ယူနိုက်တက်တွင် ပေါ့ဂ်ဘာဆက်ကစားလိမ့်မည်ဟု မော်ရင်ဟိုယူဆ

မန်ယူနိုက်တက်တွင် ပေါ့ဂ်ဘာဆက်ကစားလိမ့်မည်ဟု မော်ရင်ဟိုယူဆ

မေ ၁၀၊ မန်ချက်စတာ။           ။ လာမည့်ရာသီ မန်ယူနိုက်တက်အသင်းတွင် ပေါ့ဂ်ဘာဆက်ကစားလိမ့်ဦးမည်ဟုခံစားနေရကြောင်း နည်းပြမော်ရင်ဟိုက ပြောသည်။

အသက် ၂၅ နှစ်အရွယ် ပြင်သစ်ကွင်းလယ်ကစားသမားမှာ ယူနိုက်တက်တွင် မျက်နှာသာပေးခံရခြင်းမရှိသဖြင့် ရာသီကုန်တွင် အသင်းပြောင်းသွားလိမ့်မည်ဟု သတင်းများထွက်နေသည်။

အသင်းလူစာရင်းတွင် ယူနိုက်တက်၏စံနှုန်းနှင့်မကိုက်သည့် ကစားသမားများရှိနေသော်လည်း ၎င်းလက်ခံထားသည့် ကစားသမားမှာမူ အသင်းပြောင်းလိမ့်မည်မဟုတ်ဟု မော်ရင်ဟိုကဆိုသည်။

“လာမည့် ရာသီမှာ သူဒီမှာပဲ ဆက်ရှိလိမ့်ဦးမယ်ထင်တယ်။ ကျွန်တော်ခံစားမိတာကို ပြောတာပါ” ဟု ပေါ့ဂ်ဘာနှင့်ပတ်သက်ပြီး မော်ရင်ဟိုက ပြောသည်။

၂၀၁၆ သြဂုတ်တွင် ပေါင် ၈၉ သန်းဖြင့်ပြောင်းလာသည့် ပေါ့ဂ်ဘာသည် လက်ရှိရာသီပရီးမီးယားလိဂ် ၂၅ ပွဲကစား ၆ ဂိုးသွင်း သွင်းထားပြီး ၂၀၁၆-၁၇ ရာသီကထက် တစ်ဂိုးပိုရထားသည်။

သို့သော် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွင် ဆီဗီလာကိုရှုံးနိမ့်ခဲ့သည့် နှစ်ကျော့စလုံးအပါအဝင် အရေးပါသည့်ပွဲအတော်များများ တွင် မော်ရင်ဟို၏ ပွဲထွက်လူစာရင်းမှ ချန်လှပ်ခံခဲ့ရသည်။

“ကျွန်တော်သူ့ကို အသင်းမပြောင်းစေချင်ဘူး၊ အသင်းကလည်း မရောင်းချင်ဘူးဆိုတာကို ကျွန်တော် အာမခံနိုင်ပါတယ်။ ပြီးတော့ သူ့အေးဂျင့်ဆီကရော၊ ဘယ်အသင်းဆီကနေမှပါ ချဉ်းကပ်လာတာမျိုး မရှိပါဘူးဆိုတာကိုရောပဲ။

အခုအချိန်မှာတော့ ကျွန်တော့်အတွက်တော့ သူဆက်ရှိနေတယ် ဒါပဲ”ဟု မော်ရင်ဟိုက ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags