အမ်တီဗီ ဆုချီးမြှင့်ပွဲတွင် အဖွင့်သီချင်း သီဆိုပေးသွားမယ့် နစ်ကီမီနာ့ချ်

အမ်တီဗီ ဆုချီးမြှင့်ပွဲတွင် အဖွင့်သီချင်း သီဆိုပေးသွားမယ့် နစ်ကီမီနာ့ချ်

နယူးယော့ခ်၊ သြဂုတ် ၂၉ ။    ။ အမေရိကန် ရက်ပ်အဆိုတော် နစ်ကီမီနာ့ချ်သည်  သြဂုတ် ၃၀ ရက်တွင် ကျင်းပမည့်  MTV ၏ တစ်နှစ်တာအကောင်းဆုံး သီချင်းဗီဒီယိုဆု VMA ဆုပေးပွဲတွင် အဖွင့်သီချင်း သီဆိုဖျော်ဖြေပေးသွား မည် ဖြစ်သည်။

နစ်ကီမီနာ့ချ်သည် ယခုလအစောပိုင်းက ၎င်း၏ တေးသီချင်းဗီဒီယို Anaconda MTV ၏ တစ်နှစ်တာအကောင်းဆုံး သီချင်းဗီဒီယိုဆု VMA ဆန်ခါတင်စာရင်းတွင် မပါဝင်ခဲ့မှုနှင့် စပ်လျဉ်း၍ လူမျိုးရေး ခွဲခြားခံရပါသည်ဟုဆိုကာ အွန်လိုင်းတွင် ပြစ်တင်ရှုတ်ချခဲ့သော်လည်း မီနာ့ချ်သည် MTV VMA ဆုပေးပွဲတွင် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အသက် ၃၂ နှစ် အရွယ်ရှိ နစ်ကီမီနာ့ချ်သည် VMAs ဆုပေးပွဲမတိုင်မီက နှစ်ကြိမ်ဖျော်ဖြေခဲ့ဖူး သော်လည်း ဆုပေးပွဲတွင် အဖွင့်တေးသီချင်းသီဆိုကာ ဖွင့်လှစ်ပေးခြင်းသည် ပထဆုံးအကြိမ် ဖြစ်သည်။

မီနာ့ချ်သည် ဆုပေးပွဲတွင် မည်သည့် သီချင်းဆိုမည်ကို ပြောသွားခဲ့ခြင်း မရှိပေ။ ဆုပေးပွဲတွင် ဂျပ်စတင်ဘီဘာ၊ ဖာရဲလဝီလျံနှင့် ဒီမီလိုဗာတိုတို့ကလည်း ဖျော်ဖြေကြမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly