အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနဝန်ကြီး မြန်မာနိုင်ငံသို့ ၂ရက် ကြာခရီး လာရောက်မည်

အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနဝန်ကြီး မြန်မာနိုင်ငံသို့ ၂ရက် ကြာခရီး လာရောက်မည်

မေ ၉။                      ။ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနဝန်ကြီး Smt. Sushma Swaraj သည် ၂၀၁၈ခုနှစ် မေ ၁၀မှ ၁၁ ရက်အထိ မြန်မာနိုင်ငံသို့ ၂ရက် ကြာ တရားဝင်ခရီးစဉ်အဖြစ် လာရောက်မည်ဖြစ်ကြောင်း မြန်မာ နိုင်ငံဆိုင်ရာအိန္ဒိယသံရုံးမှ ထုတ်ပြန်သည်။

ခရီးစဉ်တွင် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ၀န်ကြီးသည် မြန်မာခေါင်းဆောင်များနှင့် နှစ်နိုင်ငံ အရေး၊ ဒေသတွင်းအရေးနှင့် နိုင်ငံတကာနှင့်ဆိုင်သော ကိစ္စရပ်များ တွေ့ဆုံဆွေးနွေး မည်ဖြစ်ကြောင်း သိ ရသည်။

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ မြန်မာနိုင်ငံချစ်ကြည်ရေးခရီးစဉ်အတွင်း ချမှတ်ခဲ့သော ဆုံး ဖြတ်ချက်များ တိုးတက်မှုအခြေအနေ၊ နှစ်နိုင်ငံကြားတည်ရှိနေသောနေသော ချစ်ကြည်ရင်းနှီးမှု၊ တိုး တက်မှု အခြေအနေများကို သုံးသပ်ဆွေးနွေးသွားမည်ဖြစ်ပြီး အိန္ဒိယ-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနှင့် သက်ဆိုင်သော ကိစ္စရပ်များအတွက် အဓိကကျသော သဘောတူညီချက်များ လက်မှတ်ထိုးနိုင်ရန် မျော်လင့်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလဆန်းက အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီသည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ၃ ရက်ကြာ ချစ်ကြည်ရေးခရီးလာရောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်ကာ အာဆီယံ-အိန္ဒိယ ထိပ်သီးညီလာခံတက်ရောက်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required