သတိပြန်ရလာချိန်တွင် ဖာဂူဆန်ပထမဆုံးပြောသည့်စကားမှာ ဘောလုံးပွဲရလဒ်မေးခြင်းဖြစ်

သတိပြန်ရလာချိန်တွင် ဖာဂူဆန်ပထမဆုံးပြောသည့်စကားမှာ ဘောလုံးပွဲရလဒ်မေးခြင်းဖြစ်

 

မေ ၉၊ မန်ချက်စတာ။           ။  အရေးပေါ်ဦးနှောက်ခွဲစိတ်ကုသထားရာမှ သတိပြန်ရလာချိန်တွင် ဖာဂူဆန်ပထမဆုံးပြောသည့်စကားမှာ ဒွန်ကတ်စတာရိုဗာ အသင်း၏ ပွဲရလဒ်ကိုမေးမြန်းဖြစ်ဖြစ်သည်ဟု မယ်ရာသတင်းတွင်ဖော်ပြထားသည်။

မန်ယူနိုက်တက်အသင်း၏ဂန္ထဝင်နည်းပြကြီးဖာဂူဆန်မှာ ဦးနှောက်သွေးယိုစီးမှုကြောင့် ဆေးရုံသို့အရေးပေါ်တက်ရောက်ခဲ့ရ သည်။ ခွဲစိတ်ကုသမှုခံယူပြီးနောက် ပြန်လည်သက်သာလာသည့် ကနဦးလက္ခဏာများကို ပြသနေပြီဟု ယူဆရသည်။

သတိပြန်ရလာပြီဖြစ်ပြီး မိသားစုနှင့် မိတ်ဆွေများကို စကားပြောနိုင်၊ ထိုင်နိုင်ပြီဟု သတင်းများကဖော်ပြနေကြသည်။ သားဖြစ်သူ ဒါရန်သည် ဖခင်၏ကျန်းမာရေးကြောင့် ဒွန်ကတ်စတာ-ဝီဂန်ပွဲကိုလွဲချော်ခဲ့ပြီး ယင်းပွဲတွင် ဒွန်ကတ်စတာက ၁-၀ ဂိုးဖြင့် ရှုံးခဲ့သည်။

ဖာဂူဆန်က ၎င်း၏မိသားစုကို “ဒီတော့ ဒွန်ကတ်စတာ ဘယ်လိုဖြစ်သွားလဲ”ဟု မေးမြန်းခဲ့ခြင်းဖြစ်သည်။ ယခုလကုန်ပိုင်းတွင် ကိဗ်မြို့၌ လီဗာပူးလ်နှင့် ရီးယဲလ်မက်ဒရစ်တို့ကစားမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုပင်သွားကြည့်ဦးမည်ဟုလည်း နောက်ပြောင်ခဲ့ သေးသည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly