နှစ်ဦးကြားရှိ မသင့်မြတ်မှုများကို ကေတီပယ်ရီနှင့် တေလာဆွစ်တို့ အဆုံးသတ်

နှစ်ဦးကြားရှိ မသင့်မြတ်မှုများကို ကေတီပယ်ရီနှင့် တေလာဆွစ်တို့ အဆုံးသတ်

အမေရိကန်အဆိုတော် ကေတီပယ်ရီသည် အင်္ဂါနေ့က သူမ၏တစ်ချိန်ကသူငယ်ချင်းဟောင်းတစ်ဦးဖြစ်ခဲ့သော အဆိုတော်တေလာဆွစ်ထံသို့ သံလွင်ခက်လေးကိုပေးပို့ခဲ့ပြီး ပေါ့ပ်ဂီတလောကမှ နာမည်အကြီးဆုံး ကြယ်ပွင့် များဖြစ်ကြသော ၄င်းတို့နှစ်ဦးကြား ကာလအတော်ကြာအောင်ရှိနေသော ရန်စများကို အဆုံးသတ်စေခဲ့သည်။

အသက် ၂၈ နှစ်အရွယ်ရှိ တေလာဆွစ်သည် ကေတီပယ်ရီထံမှရရှိသော စာတစ်စောင်နှင့် သံလွင်ခက်လေး အား ဗီဒီယိုရိုက်ကာ သူမ၏အင်စတာဂရမ်ပေါ်သို့တင်ခဲ့ပြီး အသည်းပုံစတစ်ကာလေးများနှင့်အတူ “ကျေးဇူးတင်ပါတယ် ကေတီ” ဟုစာရေးသားခဲ့သည်။

သူမတို့နှစ်ဦးသည် အကူအကသမားများနှင့်ပက်သက်၍ သဘောထားကွဲလွဲကာ အချေအတင်ဖြစ်ခဲ့ကြပြီး နောက် သူမတို့၏ရန်စများသည် နှစ်ဦးစလုံး၏ ကိုယ်ရေးကိုယ်တာနှင့် အနုပညာလုပ်ငန်းများကြားအထိ လွှမ်းမိုးသွားခဲ့ပြီး လေးနှစ်ကျော်ခန့်ကြာမြင့်အောင် မခေါ်မပြောနိုင်ပဲဖြစ်ခဲ့ကြကာ ကိုယ်စီသီချင်းများ၌လည်း တစ်ဦးကိုတစ်ဦး စောင်းမြောင်းသောစာသားများ ထည့်သွင်းသီဆိုခဲ့ကြသည်။

သံလွင်ခက်သည် ငြိမ်းချမ်းရေး၏ အမှတ်သင်္ကေတဖြစ်ပြီး ထိုသစ်ခက်လေးနှင့်အတူ ကေတီပယ်ရီ၏ “ဟေး သူငယ်ချင်းဟောင်းကြီးရေ။ ငါတို့နှစ်ယောက်ကြားမှာရှိတဲ့ စိတ်ဆင်းရဲစရာကိစ္စလေးတွေနဲ့ အထင်အမြင်လွဲမှား မှုတွေနဲ့ပက်သက်လို့ ငါသုံးသပ်ဆင်ခြင်မိပါတယ်” ဟု အစချီကာရေးသားထားသော စာလေးတစ်စောင်သည် တေလာဆွစ်၏ Reputation ကမ္ဘာလှည့်ဖျော်ဖြေပွဲ စတင်ကျင်းပသည့်နေ့တွင် သူမထံသို့ ရောက်လာခဲ့ခြင်းဖြစ် သည်။

တေလာဆွစ်နှင့် ကေတီပယ်ရီတို့ကြား ငြိမ်းချမ်းရေးရရှိခဲ့ပြီဆိုသောကိစ္စသည် အင်္ဂါနေ့က တွစ်တာပေါ်၌ လူပြောအများဆုံး အကြောင်းအရာ ၁၀ ခုအတွင်း ပါ၀င်သွားခဲ့သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required