ဆိုးလ်မြို့၌ပြုလုပ်သည့် Dua Lipa ၏ ရှိုးပွဲသို့ Suzy နှင့် BLACKPINK အဖွဲ့ဝင်များ တက်ရောက်အားပေး

ဆိုးလ်မြို့၌ပြုလုပ်သည့် Dua Lipa ၏ ရှိုးပွဲသို့ Suzy နှင့် BLACKPINK အဖွဲ့ဝင်များ တက်ရောက်အားပေး

 

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ မတ်လ ၆ ရက်နေ့က ကျင်းပခဲ့သော နာမည်ကြီးအင်္ဂလိပ်အဆိုတော်မလေး Dua Lipa ၏ ဂီတဖျော်ဖြေပွဲသို့ နာမည်ကျော်ကေပေါ့ပ်အနုပညာရှင်များ တက်ရောက်အားပေးခဲ့ကြသည်။

မေလ ၆ ရက်နေ့တွင် နာမည်ကျော်အဆိုတော်နှင့် သရုပ်ဆောင်ဖြစ်သူ Suzy သည် Dua Lipa နှင့်အတူ တွဲရိုက်ထားသော သူမ၏ဓာတ်ပုံအား အင်စတာဂရမ်ပေါ်သို့ တင်ခဲ့သည်။ ဒါ့အပြင် Suzy သည် ရှိုးပွဲ၌ သူမ ကိုင်ဆောင်ပြီးအားပေးခဲ့သော I DUA YOU ဆိုသည့် စာသားပါသော ဆိုင်းဘုတ်ကိုလည်း ဓာတ်ပုံရိုက်၍ အင်စတာဂရမ်ပေါ်သို့တင်ကာ သူမ၏ပရိတ်သတ်များအား မျှဝေခဲ့သည်။

ဆိုးလ်မြို့၌ကျင်းပခဲ့သော ဖျော်ဖြေပွဲအပြီးတွင် Dua Lipa သည် BLACKPINK အဖွဲ့ဝင်များဖြစ်သော Jennie နှင့် Lisa တို့နှင့်အတူ တွဲရိုက်ထားသော သူမ၏ဓာတ်ပုံကို အင်စတာဂရမ်ပေါ်သို့တင်ခဲ့သည်။ ထိုဓာတ်ပုံနှင့်အတူ BLACKPINK အဖွဲ့၏ အမှတ်သညာစကားစုတစ်ခုဖြစ်သော “IN YOUR AREA” ဆိုသည့် စာကိုလည်း ရေးသား ခဲ့သည်။

Dua Lipa သည် ပြီးခဲ့သောနှစ်က အင်ချွန်းမြို့တွင်ကျင်းပခဲ့သော Pentaport Rock Festival ဂီတပွဲတော်၌ သွားရောက်ဖျော်ဖြေခဲ့ဖူးပြီး ထိုအချိန်မှစတင်၍ သူမအနေဖြင့် တောင်ကိုရီးယား၌ ပရိသတ်အခိုင်အမာရရှိခဲ့ သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required