မတ္တရာမှ ရိုက်နှက်ခံ ကလေးငယ်ကိစ္စ ကာယကံရှင်မိဘများ မန္တလေးတွင် သတင်းစာရှင်းလင်းမည်

မတ္တရာမှ ရိုက်နှက်ခံ ကလေးငယ်ကိစ္စ ကာယကံရှင်မိဘများ မန္တလေးတွင် သတင်းစာရှင်းလင်းမည်

မတ္တရာ မေ ၅ ။        ။ ဘုန်းကြီးတစ်ပါး၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာရရှိခဲ့ သော ကျောင်းသား မောင်ဝေဖြိုးနိုင် (၁၄) နှစ် ၏ အမှုဖြစ်စဉ်နှင့် ပတ်သက်၍ မေလ ရ ရက်နေ့၌ မန္တလေးမြို့တွင် သတင်စာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်သွားမည်ဟု မောင်ဝေဖြိုးနိုင်၏ဖခင်ဖြစ်သူ ဦးသူရနိုင်က ပြော သည်။

အရိုက်နှက်ခံခဲ့ရသော မောင်ဝေဖြိုးနိုင်သည် မတ္တရာမြို့ နယ်ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေရပြီးနောက် ဆေးရုံမှ ပြန်ဆင်းလာပြီဖြစ်သော်လည်း မေလ ရ ရက် နေ့တွင် ဆေးရုံသို့ ထပ်မံပြသရမည်ဖြစ်သည်ဟု ဖခင် ဖြစ် သူ ဦးသူရနိုင်က ပြောသည်။

" ကလေးက သက်သာတာတော့ သက်သာပါတယ်၊ ဒါ ပေမယ့် မိဘဖြစ်တော့ စိုးရိမ်တာပေါ့ဗျာ၊ ကလေးကိစ္စနဲ့ ပတ်သက်ပြီး မနက်ဖန် မန္တလေးမှာ သတင်းစာရှင်းလင်း ပွဲ ပြုလုပ်သွားဖို့ရှိပါတယ်၊ လက်ရှိအနေအထားက ကလေး အတွက် ကျွန်တော်တို့မိသားတစ်စုလုံး မအိပ်နိုင်မစား နိုင်နဲ့ အိပ်ရေးပျက်တာတွေလည်း များနေပြီ" ဟု ဖခင် ဖြစ် သူ ဦးသူရနိုင်က မဇ္ဈိမသို့ ပြောသည်။

လူမှုကွန်ယက်ပေါ်တွင် ဘုန်းကြီးတစ်ပါးက ကလေးငယ် တစ်ဦးကို ဆံပင်ဆွဲ၍ တုတ်ဖြင့်ရိုက်နှက်ကာ မျက်နှာကို လက်ဖြင့်ရိုက်နှက်နေသည့် ဗီဒီယိုဖိုင် ပျံ့နှံ့လာပြီးနောက် ကာယကံရှင်မိဘများက အမှုဖွင့်ခဲ့သည်။ ရဲတပ်ဖွဲ့က မျက်မြင်သက်သေများကိုစစ်ဆေး၍ အမှုတွဲကို တရားရုံး တင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ၊တောင်ကန်အုပ်စု၊ ကင်းရွာ လွင်ဦးကျောင်း(တောင်ကျောင်း)တွင် ဧပြီလ၂၁ ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အရိုက်ခံရသည့် မောင်ဝေဖြိုးနိုင် သည် ကင်းရွာတွင် နေထိုင်သူဖြစ်ပြီး အဋ္ဌမတန်း ဖြေ ဆိုအောင်မြင်ထားသူဖြစ်ကြောင်း သိရသည်။

ဘုန်းကြီးကျောင်းဝင်းအတွင်း ကလေးငယ် ၂ ဦး သရက်သီးကောက်ရာမှ အရိုက်ခံရသည့် မောင်ဝေဖြိုးနိုင်က "ခွေးပါးစပ်က နတ်စကားထွက်တယ်" ဟု ပြောမိပြီး အပြောခံရသည့်ကလေးက ဘုန်းကြီးကိုသွားတိုင်ရာမှ ယခုကဲ့သို့ အရိုက်နှက်ခံရခြင်းဖြစ်ကြောင်း ကင်းရွာသားတစ် ဦးဖြစ်သူ ကိုဒေါင်းလန်းက ပြောပြချက်အရ သိရသည်။

" ဒီအမှုနဲ့ပတ်သက်ပြီး ကာယကံရှင်ကလေးမိဘတွေက သတင်းစာရှင်းလင်းပွဲလုပ်ကြမှာပါ၊ အဲဒီဦးဇင်းကတော့ ကလေးအတွက် ဘာတာဝန်ယူဆောင်ရွက်ပေးတာ တစ်ခုမှ မရှိဘူး၊ မြို့နယ်သံဃာ့အဖွဲ့အစည်းကလည်း ဒီဦးဇင်း ကို အရေးယူဆောင်ရွက်တာ မရှိဘူး၊ ရဲတပ်ဖွဲ့ကတော့ အမှုတွဲကို တရားရုံးတင်တော့မယ်လို့ သိရတယ်" ဟု ကို ဒေါင်းလန်းက မဇ္ဈိမသို့ ပြောသည်။

အရိုက်ခံရသည့် မောင်ဝေဖြိုးနိုင် (၁၄)နှစ်သည် နောက် ကျော၊ ရင်ဘက်၊ မျက်နှာတို့တွင် ပြင်ပဒဏ်ရာ ရရှိခဲ့ပြီး ဆေးဝါးကုသမှုခံယူနေရဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly