ရမ်းဗြဲမြို့နယ်တွင် ဘိုးဘွားရိပ်သာတည်ဆောက်မည်

ရမ်းဗြဲမြို့နယ်တွင် ဘိုးဘွားရိပ်သာတည်ဆောက်မည်

မေ ၆ ။          ။ ရမ်းဗြဲမြို့နယ်မှာဆောက်လုပ်မယ့် ရမ္မာဝတီဘိုးဘွားရိပ်သာတည်ဆောင်ရေးရှင်းလင်းတင်ပြပွဲကို မေလ ၆ ရက်နေ့ ရန်ကုန်မြို့မှာရှိတဲ့ ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်က ရခိုင်ပြည်နယ်ဓမ္မာရုံမှာပြုလုပ်ခဲ့ပါတယ်။

မြို့သစ်စီမံကိန်း လယ်ကြီးကွင်းနှင့် တန်းနားပြင်ရွာအနားမှာ တည်ဆောက်မှာဖြစ်ပြီး ကုန်ကျစရိတ်ကိုတော့ ငွေကျပ် သိန်း ၃၀၀၀ ခန့်မှန်းထားပါတယ်။

ရမ္မာဝတီဘိုးဘွားရိပ်သာကို ၂၀၁၈ ခုနှစ် မှ ၂၀၂၀ခုနှစ်မတ်လထိ ၂ နှစ်အတွင်းအပြီးသတ်တည်ဆောက်သွားမယ်လို့ ရမ်းဗြဲမြို့နယ်အသင်း တာဝန်ရှိသူတွေကပြောပါတယ်။

ဆောက်လုပ်ပြီးစီးခဲ့မယ်ဆိုရင်တော့ အဘိုးနဲ့ အဘွား ၃၆ ယောက်ကိုစောင့်ရှောက်နိုင်မှာဖြစ်ပြီး ရမ်းဗြဲမြို့နယ်ရဲ့ ပထမဆုံးသော ဘိုးဘွားရိပ်သာဖြစ်လာမှာလည်းဖြစ်ပါတယ်။

ရမ္မာဝတီဘိုးဘွားရိပ်သာကို ရမ်းဗြဲမြို့နယ်အသင်းရဦးဆောင် ဆောက်လုပ်တာဖြစ်ပါတယ်။

လတ်တလောမှာတော့ ဓမ္မာရုံတစ်ခုပါ၀င်ပြီး အဆောက်အဦး ရ ခုလောက်ပါတဲ့ အဲ့ဒီ့ဘိုးဘွားရိပ်သာအတွက် အလှူငွေ ကျပ် သိန်း ၂၀၀၀ လောက်ရရှိထားတယ်လို့လည်းသိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required