ဓာတ်အားလိုင်းကြိုးအသစ်များလှဲလှယ်ချိန် ရန်ကုန်ရှိမြို့နယ်အချို့ လျှပ်စစ်မီးယာယီပြတ်တောက်မည်

ဓာတ်အားလိုင်းကြိုးအသစ်များလှဲလှယ်ချိန် ရန်ကုန်ရှိမြို့နယ်အချို့ လျှပ်စစ်မီးယာယီပြတ်တောက်မည်

မေ ၆ ။            ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားလိုင်းသစ်ကြိုးအသစ်များကို မေလ ၈ ရက်နှင့် ၁၀ ရက်များတွင် လှဲလှယ်တပ်ဆင်မည် ဖြစ်၍ လျှပ်စစ်မီးယာယီပြတ်တောက်နိုင်ကြောင်း မြန်မာ့လျှပ်စစ်ကော်ပိုရေးရှင်း (YESC )မှ ထုတ်ပြန်ထားသည်။

ရေရှည်​ဓာတ်​အားတည်​ငြိမ်​ပြည်​့ဝစွာ​ပေးနိုင်​​ရေးအတွက်​ ​ဟောင်​းနွမ်​း၍ ဝန်​အားမနိုင်​​တော့​သော (၁၁)​ကေဗွီဓာတ်​အားလိုင်​းကြိုးများအား လျှပ်​ကာပါ​သော ဓာတ်​အားလိုင်​းကြိုးအသစ်​များဖြင်​့ လဲလှယ်​ခြင်​းလုပ်​ငန်​းများကို မေလ ၈ ရက်နှင့် ၁၀ ရက်တို့တွင် နံနက် ၉:၀၀)နာရီမှ နေ့လည် ၁၂ နာရီအချိန်အထိ လုပ်ဆောင်သွားမည်ဟု သိရသည်။

ထို့ကြောင့် ရန်​ကုန်​တိုင်​း​ဒေသကြီးအတွင်​းရှိ အင်​းစိန်​၊ မင်္ဂလာဒုံ၊ လှိုင်​သာယာ၊ ​ရွှေပြည်​သာ၊ လှည်​းကူး၊ ​မှော်​ဘီ၊ တိုက်​ကြီး၊ ​ထောက်​ကြန်​့ ၊ ဥက္ကံ၊ ဒါးပိန်​၊ ​ဖောင်​ကြီး၊ အင်​းတိုင်​၊ ​မြောင်​းတကာ၊ ​ရွှေလင်ပန်​း၊ ထန်​းတပင်​၊ ​မြောက်​ဥက္ကလာ၊ ​ရွှေ​ပေါက္ကံ၊ တွံ​တေး၊ ဒလ၊ ​ကော့မှူး၊ ကွမ်​းခြံကုန်​း၊ သန်​လျင်​ မြို့နယ်​များတွင်​ အချိန်ပိုင်း လျှပ်စစ်မီးပြတ်တောက်မည် ဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဓာတ်​အားပြတ်​​တောက်​မှု​လျော့နည်​း​စေရန်​အတွက်​ ကြိုတင်​ပြင်​ဆင်​​ဆောင်​ရွက်​ရခြင်​းဖြစ​်​ပါသဖြင်​့ ယာယီဓာတ်​အားပြတ်​​တောက်​ရခြင်​းအတွက်​ လူမှု​ရေးအခက်​အခဲများ ​ပေါ်​ပေါက်​လာနိုင်​မှုအ​ပေါ် နားလည်​ခွင်​့လွှတ်​​ပေးပါရန်​ ရန်​ကုန်​လျှပ်​စစ်​ဓာတ်​အား​ပေး​ရေး​ကော်​ပို​ရေးရှင်​းမှ မေလ ၄ ရက်က အသိပေးပန်ကြားထားသည်။

ဧပြီလ ၁၇ ရက်က ပြောကြားသော နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းတွင် လာမည့် ၃ နှစ်အတွင်း လျှပ်စစ်ပမာဏ နှစ်ဆတိုးမြှင့်ထုတ်သွားမည်ဖြစ်ပြီး ဓာတ်အားလိုင်းကို တိုးချဲ့ဖြန့်ဖြူးပေးမည်ဟု ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required