Bersih 4 ဆန္ဒပြပွဲမှာ လူထုအင်အားကို ပြသလိုက်ခြင်း ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ၏ ဇနီး ဒေါက်တာ Siti Hasmah Ali ပြော

Bersih 4 ဆန္ဒပြပွဲမှာ လူထုအင်အားကို ပြသလိုက်ခြင်း ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ၏ ဇနီး ဒေါက်တာ Siti Hasmah Ali ပြော

သြဂုတ်လ ၂၉ ရက် တွင် မလေးရှားပြည်သူ သောင်းပေါင်းများစွာသည် ကွာလာလမ်ပူမြို့လယ်သို့ သွားရောက်စုရုံးကြကာ ဝန်ကြီးချုပ် နုတ်ထွက်ပေးရေးအတွက် တောင်းဆိုခဲ့ကြသည်။

အဂတိလိုက်စားမှှု စွပ်စွဲချက်များဖြင့် ဝန်ကြီးချုပ် နုတ်ထွက်ပေးရန် တောင်းဆိုကြခြင်း ဖြစ်ပြီး၊ ပြုပြင်ပြောင်းလဲရေးကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ပေးရန်လည်း တောင်းဆိုခဲ့ကြသည်။

ရဲများကမူ ထိုကဲ့သို့ စုဝေးဆန္ဒပြမှှုမှာ တရားဥပဒေနှင့် ဆန့်ကျင်ကြောင်း သတိပေးထားသည်။

ဝန်ကြီးချုပ် ရာဇက်၏ ဘဏ်အကောင့်အတွင်း အမည်မသိနိုင်ငံခြားအလှုရှင်တစ်ဦးက ဒေါ်လာ သန်း ၇၀၀ (ပေါင် ၄၅၅ သန်း) ထည့်သွင်းပေးထားသည့်အတွက် လူထုဒေါသထွက်ခြင်းဖြင့် ရင်ဆိုင်နေ ရခြင်းဖြစ်သည်။

ဝန်ကြီးချုပ်၏ ဘဏ်အကောင့်စာရင်း အရှုပ်တော်ပုံအား ပြီးခဲ့သည့်လအတွင်းက စစ်ဆေး ဖော်ထုတ် ခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ် နာဂျစ်က မည်သည့် လွဲမှားမှုတစ်ခုတစ်လေမှ ပြုလုပ်ထားခြင်း မရှိကြောင်း ငြင်းဆန်ခဲ့သည်။

သြဂုတ် ၂၉ ရက်က လူစုလူဝေးဖြင့် ဆန္ဒပြခြင်းများသည်  သြဂုတ် ၃၀ ရက်အထိ ကူးစက်ဆက်လက်ဖြစ်ပွားနိုင်ခြေလည်း ရှိနေသည်။ ဒီမိုကရေစီထောက်ခံသော Bersih အုပ်စုက ကိုတာကီနာဘာလူနှင့် ကူချင်း မြို့များတွင် လူထုအား လမ်းပေါ်ထွက်ရန် ဆော်သြနေသည်။

မလေးရှား ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက်၏ဇနီး ဒေါက်တာ Siti Hasmah Ali က Bersih 4 ဆန္ဒပြပွဲမှာ လူထုအင်အားကို ပြသလိုက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒေါက်တာ Siti Hasmah Ali သည် သူ၏ ခင်ပွန်း မဟာသီယာ နှင့် အတူ စနေနေ့ ညနေက Dataran Merdeka သို့ လျှပ်တပြက် သွားရောက်လည်ပတ်ရင်း ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း မဟာသီယာ ကမူ Bersih 4 ဆန္ဒပြပွဲနှင့် ပတ်သတ်၍ သူ၏ အမြင်ကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။

“ကြည့်ရှှုလေ့လာဖို့ ကျွန်တော် ဒီကိုလာခဲ့တာပါ” ဟုသာ သူက သတင်းထောက်များအား ပြောခဲ့သည်။

မလေးရှား ဝန်ကြီးချုပ်ဟောင်း နှင့် သူ၏ဇနီးမှာ ထိုနေရာသို့ ဒေသစံတော်ချိန် ည ၇ နာရီခွဲ ခန့်တွင် ရောက်ရှိသွားခဲ့ခြင်း ဖြစ်ပြီး ငါးမိနစ်ခန့်အကြာတွင် ထိုနေရာမှ ပြန်လည် ထွက်ခွာသွားခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required