မီးလောင်မှုဖြစ်လျှင် တိုက်ရိုက်ကွပ်ကဲနိုင်ဖို့ Robot ကင်မရာတွေ တပ်ဆင်ထားဟုဆို

မီးလောင်မှုဖြစ်လျှင် တိုက်ရိုက်ကွပ်ကဲနိုင်ဖို့ Robot ကင်မရာတွေ တပ်ဆင်ထားဟုဆို

စစ်တွေ၊ မေလ ၅ ရက်။                    ။ မီးလောင်မှုဖြစ်ပွားလျှင် မီးလောင်နေတဲ့နေရာကို ပြည်နယ်ရုံးက တိုက်ရိုက်ကွပ်ကဲ ဆောင်ရွက်နိုင်တဲ့ နည်းစနစ်တွေနဲ့ Robot ကင်မရာတွေကို တပ်ဆင်ထားပြီးဖြစ်တယ်လို့ ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနက ပြောပါတယ်။

မေလ ၅ ရက်နေ့မှာ ကျရောက်တဲ့ (၇၂) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို မနက်ပိုင်းက ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာန ရုံးစိုက်ရာ စစ်တွေမြို့မှာ ကျင်းပပြုလုပ်ခဲ့ရာ အဲဒီအခမ်းအနားမှာ ပြောဆိုလိုက်တာပါ။

အခုဆိုရင် စင်ကာပူ၊ ကိုရီးယားနဲ့ ဂျပန်စတဲ့ နိုင်ငံတွေကို မီးသတ်ပညာနဲ့ ပတ်သတ်ပြီး အဆင်မြှင့် ဆောင်ရွက်နိုင်ဖို့ အတွက် မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနချုပ်က ဦးစီးပြီး စေလွှတ်မှုတွေ ပြုလုပ်နေပြီဖြစ်သလို မီးသတ်တပ်ဖွဲ့ဝင်တွေ အပြင် မြို့နယ်အလိုက် ကျောင်းသားတွေကိုလည်း သင်တန်းဖွင့်လှစ်ပြီးတော့ မီးသတ်ပညာပေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

မီးလောင်မှုတွေ တစ်နေ့ထက်တစ်နေ့ များပြားလာရတာဟာလည်း ခေတ်မှီဖွံ့ဖြိုးတိုးတက်လာတာနဲ့ သက်ဆိုင်နေပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာဆိုရင် ဖွံ့ဖြိုးဆဲနိုင်ငံတွေထက် မီးလောင်မှုတွေက ပိုများတယ်လို့လည်း ရခိုင်ပြည်နယ် မီးသတ်ဦးစီးမှူးက ဆိုပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာတော့ မြို့နယ်ရုံး ၁၇ ရုံး၊ ခရိုင်ရုံး ၅ ရုံးနဲ့ ပြည်နယ်ရုံးတစ်ရုံး ဖွင့်လှစ်ထားကာ တပ်ဖွဲ့ဝင်အင်အား ၆၆၇ ဦး ရှိပြီးတော့ ဖွဲ့စည်းပုံအရဆိုရင် နယ်မြေရုံးတွေရော တပ်ဖွဲ့ဝင်အင်အားတွေပါ အာနည်းနေသေးသလို ပြည်သူတွေ ဖက်ကလည်း မီးလောင်မှုဖြစ်ပွားလျှင် သတင်းပေးတဲ့အပိုင်းမှာ ဗဟုသုတအားနည်းတဲ့အတွက် မီးလောင်မှုတွေ များပြားရတဲ့ အားနည်းချက်တွေ ရှိနေတာပါ။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က မီးလောင်မှု ၉၂ ကြိမ်နဲ့ ဆုံးရူံးမှုတန်ဖိုး ၂၄၄ ဒသမ ၅၁၂ သန်း ရှိခဲ့ပြီး တော့ ၂၀၁၇ ခုနှစ်မှာ မီးလောင်မှု ၁၂၁ ကြိမ်နဲ့ ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၆၂၃ ဒသမ ၅၁၃ သန်း ရှိခဲ့တဲ့အတွက် ၂၀၁၇ ခုနှစ်မှာ မီးလာင်မှုရော ဆုံးရှုံးမှုတန်ဖိုးပါ များပြားလာတယ်လို့ မီးသတ်ဦးစီးဌာက စာရင်းဇယားတွေအရ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly