နိုင်ငံတကာကရင်အမျိုးသားအစည်းအရုံး-IKO ၏ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူးစေဖိုးသို့ အိတ်ဖွင့်စာ

နိုင်ငံတကာကရင်အမျိုးသားအစည်းအရုံး-IKO ၏ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူးစေဖိုးသို့ အိတ်ဖွင့်စာ

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်နှင့် မြဝတီမြို့များနှင့် ကရင်ပြည်နယ်အား ဖြတ်သန်းဖောက်လုပ်ထားသော အာရှအမြန်လမ်းမကြီးဖွင့်ပွဲသို့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူးစေဖိုးအနေဖြင့် တက်ရောက်ခြင်းမပြုရန် နိုင်ငံတကာကရင်အမျိုးသားအစည်းအရုံး-IKO က အကြံတိုက်တွန်းလိုက်သည်။

 

အာရှလမ်းမစီမံကိန်းကို ထောက်ခံလိုက်ခြင်းသည် မြန်မာအစိုးရ၏ သွေးကွဲဖြိုခွဲပြီး အနိုင်ယူသိမ်းပိုက်ခြင်း မဟာဗျူဟာလှည့်ကွက်ထဲသို့ ဝင်လိုက်ခြင်းဖြစ်ပြီး ကရင်လနက်ကိုင် အားလုံးသင့်မြတ်စည်းလုံးရေးကို ဖျက်လိုဖျက်စီးရာရောက်ပြီး ကရင်တစ်မျိုးသားလုံးမျှော်လင့်နေသည့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို ရိုက်ချိုးလိုက်ခြင်း သာဖြစ်သည်ဟု ဗိုလ်ချုပ်ကြီးမူတူးစေဖိုးထံသို့ သြဂုတ် ၂၉ ရက်စွဲပါ အိတ်ဖွင့်ပေးစာအတွင်း ဖော်ပြသည်။

 

ပြည့်စုံသောငြိမ်းချမ်းရေးသဘောတူညီမှုများရရှိပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲမှတစ်ဆင့် စီမံခန့်ခွဲထိန်းချုပ်မှုနှင့် အကျိုးအမြတ်ခွဲဝေခံစားခွင့်များအတွက် အာမခံချက်များရရှိပြီးသည့်ပြင်၊ ဗဟိုထိန်းချုပ်မှုလျှော့ချသော ပြည်ထောင်စုအုပ်ချုပ်ရေးစနစ်ကို ရရှိပြီးနောက်ပိုင်း ဒီမိုကရေစီစနစ်နှင့်အညီ ပွင့်လင်းမြင်သာစွာ စီမံကိန်းကို အကောင်အထည်ဖေါ်မှသာ ကရင်လူထုအတွက် အကျိုးအမြတ်များရရှိနိုင်မည်ဟု ဆိုသည်။

 

ယခုအနေအထားတွင် အာရှလမ်းမစီမံကိန်းအား KNU ဥက္ကဌမှ ထောက်ခံလိုက်ပါက ကရင်လူထု၏ ဘဝကောင်းထားရေး နှင့် မျှော်လင့်ချက်များကို ဥပက္ခာပြုလိုက်ခြင်းသာဖြစ်သည်ဟုလည်း အကြံပြုချက် ၈ ချက်ပါ အိတ်ဖွင့်ပေးစာကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required