ချို့တဲ့သော ကလေးငယ်များအတွက် ငွေကြေးလှူဒါန်းခဲ့သည့် အဆိုတော် IU

ချို့တဲ့သော ကလေးငယ်များအတွက် ငွေကြေးလှူဒါန်းခဲ့သည့် အဆိုတော် IU

 

တောင်ကိုရီးယားမှ နာမည်ကြီးအဆိုတော်မလေး IU သည် မေလ ၅ ရက်နေ့တွင်ကျရောက်မည့် ကလေးများ နေ့အတွက်ရည်စူးပြီး ချို့တဲ့သောကလေးငယ်များအတွက် ငွေကြေးလှူဒါန်းခဲ့သည်။

IU သည် လွန်ခဲ့သော ၂၀၁၅ ခုနှစ်ကလည်း ၀မ်သန်း ၁၀၀ (ဒေါ်လာ ၉၃၀၀၀) ခန့်ကို ၀င်ငွေနည်းပါးသော မိသားစုများထဲမှ ကလေးငယ်များအတွက် လှူဒါန်းခဲ့ဖူးပြီး ယခုနှစ်တွင်လည်း အလားတူလှူဒါန်းမှုမျိုးကို ထပ်မံ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကလေးသူငယ်ရန်ပုံငွေအဖွဲ့၏အဆိုအရ IU သည် သူမ၏အမည်ရင်းဖြစ်သော လီဂျီအမ်းဟူသည့်အမည်ဖြင့် ကိုရီးယားကလေးငယ်များအတွက် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ပုံငွေအဖွဲ့က “ IU ဟာ ကလေးသူငယ်များအပေါ် စာနာပြီးစိတ်ဝင်စားတာကြောင့် ငွေကြေးအချို့ကို တိတ်တဆိတ်လှူဒါန်းခဲ့ပေမယ့် ကျနော်တို့ကတော့ သူမရဲ့မွန်မြတ်လှတဲ့စေတနာကို ယခုလိုထုတ်ဖော် ပြောဆို ခြင်းဖြစ်ပါတယ်။ IU ရဲ့မွန်မြတ်လှတဲ့အလှူအတန်းကြောင့် တခြားသူတွေလည်း သဒ္ဒါတရားထက်သန်လာပြီး ကလေးများနေ့မှာ ကလေးသူငယ်တွေကို ပျော်ရွှင်အောင်လုပ်ဆောင်ပေးကြမယ်လို့ ကျနော်တို့မျှော်လင့်ပါ တယ်” ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ယခုနှစ်အစောပိုင်းကလည်း IU သည် ငွေကြေးအခက်အခဲဖြစ်နေသော ကောလိပ်ကျောင်းသား ၅ဦးအား ၄င်းတို့၏ စာသင်ခများနှင့် အဆောင်နေခများကို ပေးချေရန်အတွက် ဒေါ်လာ ၁၉၀၀၀ ခန့် ထောက်ပံ့ပေးခဲ့ဖူး သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags