ပြည်သူ့လွှတ်တော်၏ အီးမေးလ်စနစ် တိုက်ခိုက်ခံရခြင်း ပြည်တွင်းနှင့်ပြည်ပမှ အုပ်စုဖွဲ့ တိုက်ခိုက်ခြင်းဟုဆို

ပြည်သူ့လွှတ်တော်၏ အီးမေးလ်စနစ် တိုက်ခိုက်ခံရခြင်း ပြည်တွင်းနှင့်ပြည်ပမှ အုပ်စုဖွဲ့ တိုက်ခိုက်ခြင်းဟုဆို
ပြည်သူ့လွှတ်တော် အီးမေးလ် စနစ် တိုက်ခိုက်ခံရသည်ဟု ကြေညာပြီးနောက်တိုက်ခိုက်ထားကြောင်း ပေါ်ထွက်လာသည့် ဓါတ်ပုံ။

နေပြည်တော်၊ သြဂုတ် ၂၉ ။         ။ ပြည်သူ့လွှတ်တော်၏ အီးမေးလ်စနစ်ကို Haker တိုက်ခိုက်မှုသည် စစ်ဆေးတွေ့ရှိချက်များအရ ပြည်တွင်း နှင့် ပြည်ပမှ ပါဝင်သော အုပ်စုဖွဲ့တိုက်ခိုက် မှုဖြစ်ကြောင်းပြည်သူ့လွှတ်တော်ရုံးနည်းပညာဌာနမှ ဒုတိယ ညွှန်ကြား ရေးမှုး ဦးလွင်ကိုဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ ပြည်သူ့လွှတ်တော်၏ E-mail Server  လုံခြုံမှု ကျိုးပေါက်မှုဖြစ်ပွားပြီး နောက်ရက် သြဂုတ် ၁၈ ရက်တွင် ယင်းတိုက်ခိုက်မှုကို ပြုလုပ်ခြင်းသည် New Generation Wave အဖွဲ့မှဖြစ်ကြောင်း ဆိုရှယ်မီဒီယာ များတွင် ကြေညာခဲ့သည်။

ပြည်သူ့လွှတ်တော်ရုံး နည်းပညာဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလွင်ကိုဦးက” သူတို့ထုတ်ပြန် ကြေညာသလို လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တရားမဝင်စီးပွားရေး ဆက်သွယ်ရေးကိစ္စ တွေမရှိဘူး။ အခြားလျှို့ဝှက် ကိစ္စတွေလည်း မရှိပါဘူး ” ဟု  မဇ္ဈိမကို ပြောသည်။

တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု Social media များတွင်ကြေညာခဲ့သည့် New Generation  Wave အဖွဲ့ကို နေပြည်တော် ဇမ္မူသီရိမြို့နယ် အမှတ် ၅ ရဲစခန်းတွင် ၂၀၀၄ ခုနှစ်၊ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၃၄ နှင့်၂၀၁၃ ခုနှစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆တို့အရ စုံစမ်းဖော်ထုတ်အရေးယူပေးနိုင်ရန် အမှုဖွင့် တိုင်ကြားထားသည်ဟုလည်း ဆိုသည်။

ပြည်သူ့လွှတ်တော်၏ E-mail Server သည် pyithuhiuttaw.gov.mm လိပ်စာဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများအသုံးပြုနိုင်ရန် ၂၀၁၃ ခုနှစ် ဇွန်လတွင် စတင် တပ်ဆင် ထားခြင်း  ဖြစ်ကြောင်းလည်း ဦးလွင်ကိုဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required