ခါလစ်ဒ်နှင့်အတူသီဆိုထားသော သီချင်းသစ်တစ်ပုဒ်ထွက်ရှိမည်ဟု ရှောန်မန်ဒက်စ်ကြေညာ

ခါလစ်ဒ်နှင့်အတူသီဆိုထားသော သီချင်းသစ်တစ်ပုဒ်ထွက်ရှိမည်ဟု ရှောန်မန်ဒက်စ်ကြေညာ

လက်ရှိဂီတလောကထဲ၌ အတောက်ပဆုံး လူငယ်အဆိုတော်ကြယ်ပွင့်များထဲမှ နှစ်ဦးဖြစ်သော ရှောန်မန်ဒက်စ် နှင့် ခါလစ်ဒ်တို့သည် Youth ဟု ခေါင်းစဉ်ပေးထားသော သီချင်းသစ်တစ်ပုဒ်ကို ပူးတွဲသီဆိုထားကြပြီး လာမည့် သောကြာနေ့တွင် ထွက်ရှိမည်ဟု ရှောန်မန်ဒက်စ်က သူ၏တွစ်တာမှတဆင့် အင်္ဂါနေ့က ကြေညာခဲ့သည်။

မန်ဒက်စ်သည် သူ၏ တတိယမြောက်စတူဒီယိုအယ်လ်ဘမ်ကို လာမည့်မေလ ၂၅ရက်နေ့တွင် ဖြန့်ချီသွားဖို့ စီစဉ်ထားပြီး လက်ရှိအချိန်တွင် In My Blood နှင့် Lost in Japan ဆိုသော သီချင်းများကို တစ်ပုဒ်ချင်းစီ မျှဝေထားခဲ့ပြီးပြီဖြစ်သည်။

အသက် ၁၉နှစ်အရွယ်ရှိ မန်ဒက်စ်က Youth ဆိုသော သီချင်းအသစ်ကို လာမည့်သောကြာနေ့တွင် အွန်လိုင်း ပေါ်မှ မျှဝေသွားမည်ဟု တွစ်တာ၌ကြေညာခဲ့ပြီး အဆိုတော်ခါလစ်ဒ်ကလည်း မန်ဒက်စ်၏သတင်းစကားကို ပြန်လည်တွိဒ်လုပ်ခဲ့ပြီး သူ၏ပရိသတ်များအား သတင်းကောင်းပါးခဲ့သည်။

မန်ဒက်စ်နှင့် ခါလစ်တို့နှစ်ဦးစလုံးသည် ၁၉၉၈ ခုနှစ်ဖွားများဖြစ်ကြပြီး သူတို့နှစ်ဦးစလုံးမှာ သူတို့၏မျိုးဆက်များ ကြားထဲမှ အတောက်ပဆုံး အဆိုတော်ကြယ်ပွင့်များထဲတွင် ပါ၀င်ကြပြီး သူတို့၏သီချင်းများမှာလည်း Billboard ဇယားများ၌ ထိပ်ဆုံးမှရပ်တည်နိုင်ကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required