လေဖိအားနည်းရပ်ဝန်း အားပျော့သွားခဲ့သော်လည်း မွန်ပြည်နယ်ဘက်သို့ရောက်ရှိ

လေဖိအားနည်းရပ်ဝန်း အားပျော့သွားခဲ့သော်လည်း မွန်ပြည်နယ်ဘက်သို့ရောက်ရှိ

 

မေ ၂ ။                    ။ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း  အားပျော့သွားခဲ့သော်လည်း မွန်ပြည်နယ်ဘက်သို့ရောက်ရှိလာကြောင်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က မေလ ၂ ရက် နေ့လည်ပိုင်းတွင် သတိပေးထားသည်။

မေလ ၂ ရက်နေ့ နံနက်(၁၀း၄၅)နာရီတိုင်းတာချက်များအရ လေဖိအားနည်းရပ်ဝန်းသည် မေလ ၁ ရက် ညပိုင်းမှ စတင်ကာ မေလ၂ ရက်နေ့ နံနက်ပိုင်းအထိ အားအနည်းငယ်ပြန်ကောင်းလာပြီး မွန်ပြည်နယ်ပေါ်တွင် ရောက်ရှိနေခြင်း ဖြစ်သည်။

ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းသည် မေလ ၁ ရက်ညနေပိုင်းတွင် မုတ္တမကွေ့အတွင်းမှ ကုန်တွင်းကိုဖြတ်ကျော်နေခဲ့ပြီး အား သိသိသာသာ   လျော့ကျလာခဲ့သည်။ သို့ရာတွင် ကမ်းရိုးတန်းဒေသများတွင် Diurnal Effect ဖြင့် တိုက်ခတ်လေ့ရှိသော ကုန်းလေ-ပင်လယ်လေတို့၏ သဘာဝ ကြောင့် ညပိုင်းဝင်လာသည်နှင့်   လေတိုက်ခတ်မှုများ ပြောင်းလဲသွားကာ (နေ့ SSW၊ ည SSE) လေထု မငြိမ်သက်မှု ပြန်လည်အားကောင်းလာပြီး တိမ်တိုက်များ ပြည်လည် စုစည်းအားကောင်းလာခဲ့ကာ မွန်ပြည်နယ်ဖက်သို့ ပြန်ဆင်းလာခဲ့သည်ဟု ဦးထွန်းလွင်က လူမှုကွန်ရက်တွင် ရေးသားထားသည်။

လတ်တလောတွင် လေဖိအားနည်းရပ်ဝန်းသည် ကုန်းတစ်ဝက်ရေတစ်ဝက်အနေအထားရှိနေသောကြောင့် မုန်တိုင်းဖြစ်လာရန် အလားအလာနည်းနေသေးကြောင်း သိရသည်။

မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းနှင့် ကမ်းလွန်ဒေသများတွင် လေ(တစ်နာရီ ၃၀-၃၅ မိုင်ခန့်) နှင့် လှိုင်း (အမြင့် ၅-၈ ပေ)ခန့် ရှိနိုင်ပြီး နေရာစိပ်စိပ်မှ အနှံ့အပြားမိုးရွာနိုင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required