ကားအသစ် ၀ယ်စီးချင်လို့ပဲဖြစ်ဖြစ်၊ ကားအလဲအထပ်လုပ်ချင်လို့ပဲဖြစ်ဖြစ်၊ကိုယ်စီးနေတဲ့ ကားရဲ့အရည်အသွေးအဆင့် (Grade) ၊စျေးကွက်ပေါက်စျေး ဘယ်လောက်ရှိသလဲသိချင်လို့ပဲဖြစ်ဖြစ် TOYOTA AYE AND SONSရဲ့ ကားစစ်ဆေးခြင်း(Assessment service) ၀န်ဆောင်မှု ကိုရယူလိုက်ပါ

ကားအသစ် ၀ယ်စီးချင်လို့ပဲဖြစ်ဖြစ်၊ ကားအလဲအထပ်လုပ်ချင်လို့ပဲဖြစ်ဖြစ်၊ကိုယ်စီးနေတဲ့ ကားရဲ့အရည်အသွေးအဆင့် (Grade) ၊စျေးကွက်ပေါက်စျေး ဘယ်လောက်ရှိသလဲသိချင်လို့ပဲဖြစ်ဖြစ် TOYOTA AYE AND SONSရဲ့ ကားစစ်ဆေးခြင်း(Assessment service) ၀န်ဆောင်မှု ကိုရယူလိုက်ပါ

 

လက်ရှိစီးနေတဲ့ကားကို ရောင်းပြီးကားအသစ် ၀ယ်စီးချင်လို့ပဲဖြစ်ဖြစ် ၊ကိုယ်စီးနေတဲ့ကားရဲ့အရည်အသွေးအဆင့် (Grade)၊စျေးကွက်ပေါက်စျေးဘယ်လောက်ရှိသလဲသိချင်နေရင်ပဲဖြစ်ဖြစ် …TOYOTA AYE AND SONSရဲ့ ၀န်ဆောင်မှုကို မိတ်ဆက်ပါရစေ ။ “ကားစစ်ဆေးတန်ဖိုးသတ်မှတ်ခြင်း” (Car Assessment Service)လို ့ခေါ်တဲ့ ၀န်ဆောင်မှုကို မြန်မာပြည်မှာစတင် မိတ်ဆက်လိုက်တာပဲဖြစ်ပါတယ်။

“ကားစစ်ဆေးတန်ဖိုးသတ်မှတ်ခြင်း”ဆိုတာ ဘာလဲဆိုတော့…

TOYOTA မှ အသိအမှတ်ပြု လက်မှတ်ရ ကျွမ်းကျင်စစ်ဆေးသူတွေကသင့်ကားရဲ  ့အပြင်ပိုင်း၊ အတွင်းပိုင်း၊ အင်ဂျင်၊ ဖရိန် စတာတွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ပေါင်း (၂၀၀) ကျော်ကို အကဲဖြတ် စစ်ဆေးပေးပြီး ကားရဲ  ့အရည်အသွေးအဆင့်သတ်မှတ်ချက် (Grade) နဲ ့ခန် ့မှန်းခြေစျေးကွက်ပေါက်စျေး (Market Price) တွေ ကိုသတ်မှတ်ပေးတဲ့ဝန်ဆောင်မှုဖြစ်ပါတယ်။

ဘယ်ကားအမျိုးအစားကိုမဆိုစစ်ဆေးပေးသွားမှာဖြစ်ပါတယ်။အရည်အသွေးသတ်မှတ်ချက်နဲ့ ခန့်မှန်းပေါက်စျေး ရပြီဆိုရင် သင့်အနေနဲ့ ကားကိုရောင်းထုတ်ဖို့စိတ်ကူးရှိတယ်ဆိုရင်လည်းTOYOTA AYE AND SONSနဲ့ ချိတ်ဆက်ထားတဲ့ ရန်ကုန်က ကားအရောင်းစင်တာတွေဆီမှာ ရောင်းချနိုင်ဖို့ ကူညီပေးသွားဦးမှာပါ။ 

ဒီလိုဝန်ဆောင်မှုအတွက် မြန်မာငွေတစ်သောင်းလေးထောင် (၁၄၀၀၀) ကျပ်ပဲကျသင့်မှာဖြစ်ပြီးတော့TOYOTA AYE AND SONSကပေးတဲ့ ကားစစ်ဆေးမှုရလာဒ်မှတ်တမ်း (Assessment Result Sheet) နဲ့အတူ Service Member Card ကိုရရှိမှာဖြစ်ပါတယ်။TOYOTA AYE AND SONS Service Member Card ရရှိသွားတဲ့အတွက်လည်းTOYOTA AYE AND SONSရဲ့ အခြားသော ၀န်ဆောင်မှုတွေအပေါ်မှာ Discounts တွေ ရရှိနိုင်မှာပါ။  TOYOTA AYE AND SONSရဲ့ Premium Member Card ရှိပြီးသားသူတွေအတွက်ကတော့ ကားစစ်ဆေးခြင်းဝန်ဆောင်မှု တစ်ကြိမ် အခမဲ့ရယူနိုင်မှာဖြစ်ပါတယ်။

ကားကိုစစ်ဆေးဖို့ ဘယ်လိုလုပ်ရမလဲ ? toyota-myanmar.comရဲ့  http://assessment.toyota-myanmar.com/#/loginဆိုတဲ့နေရာမှာSign-up and Log-in ပြုလုပ်စာရင်းသွင်းပြီး ကိုယ်ပိုင်အကောင့်ဖွင့်မယ်။ ကားအချက်အလက်တွေကိုထည့်သွင်းပြီးBooking လုပ်မယ် ။ ဘယ်နေ့ဘယ်အချိန်မှာ လာရောက်စစ်ဆေးမယ်ဆိုတာကို ရက်ချိန်း (appointment)လုပ်မယ်။ ကိုယ်ယူထားတဲ့ ရက်ချိန်းရောက်ရင် ကမ္ဘာအေးဘုရားလမ်းမှာရှိတဲဲ့ TOYOTA AYE AND SONS သို့သင့်ကားကို မောင်းသွားပြီးစစ်ဆေးချိန် ၁ နာရီလောက်စောင့်ဆိုင်းလိုက်ရုံနဲ့ သင့်ကားရဲ့ အဆင့်သတ်မှတ်ချက်(Grade) နဲ့ ခန့်မှန်းစျေးကွက်ပေါက်စျေး(Market Value) ကို သိရှိနိုင်မှာ ဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုလျှင်လည်းToyota Aye and Sons (T.T.A.S Co.,Ltd.) ၊အမှတ် (၈၇ အေ) ၊ပုလဲကွန်ဒိုအရှေ့ ,ကမ္ဘာအေးဘုရားလမ်း , ရန်ကုန်မြို့၊ဖုန်းနံပါတ် - 09954400950,

09954502206,01-400950,01502206ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။                        

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly