တိုင်​းဒေသကြီး ၃ ခု၌ "ငြိမ်​းချမ်​းပါ​စေ မြန်​မာပြည်​ " ကမ်​ပိန်​း ပြုလုပ်​မည်

တိုင်​းဒေသကြီး ၃ ခု၌ "ငြိမ်​းချမ်​းပါ​စေ မြန်​မာပြည်​ " ကမ်​ပိန်​း ပြုလုပ်​မည်

 

မေ ၁ ။            ။ မကွေးတိုင်း အပါအဝင် တိုင်​းဒေသကြီးတိုင်း ၃ တိုင်းရှိ မြို့နယ် ​နေရာအသီးသီး၌ ​ဒေသတွင်​း ငြိမ်​းချမ်​းခြင်​းမှသည်​ မြန်​မာပြည်​တစ်​ဝှမ်​းငြိမ်​းချမ်​းခြင်​းဆီကို ​ရှေ့ရှုလျက်​ " ငြိမ်​းချမ်​းပါ​စေ မြန်​မာပြည်​ ကမ်​ပိန်​း" တစ်​ခုကို မေလ ၆ ရက်နေ့တွင် ပြုလုပ်​သွားမည်​ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းထံမှ သိရသည်။

မ​ကွေးတိုင်​းဒေသကြီးအတွင်​းမှ ​ချောက်​၊ ​ရေနံ​ချောင်​း၊ ပွင့်ဖြူ၊ မ​ကွေး ၊ပခုက္ကူ ၊​ ရေစကြို ၊အောင်​လံမြို့ ရ မြို့မှာ လက်​ကမ်​းစာ​စောင်​များ ဝေငှခြင်​း ပြုလုပ်​၍ တစ်​မြို့နယ်​လျှင် လက်​ကမ်​းစာ​စောင်​ အစောင်ရေ ၁၀၀၀ ​ဝေငှသွားမည်​ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မကွေးတိုင်းဒေသကြီး တာဝန်ခံ ဦးကိုကိုနိုင်က ပြောသည်။

"လူမှုကွန်ယက်Facebook ​ပေါ်တွင် ချိုသာ​သော စကားများကို ငြိမ်​းချမ်​းစွာ​ ပြောဆိုခြင်​းဖြင်​့ တိုင်​းပြည်​ငြိမ်​းချမ်​း​ရေး၊ ​ဒေသတွင်​းငြိမ်​းချမ်​း​ရေးကို  ဝိုင်​းဝန်းထိန်​းသိမ်​းကူညီရာ ရောက်နိုင်တဲ့အတွက် ဒီရည်​ရွယ်​ချက်နဲ့ ပြုလုပ်မှာဖြစ်ပါတယ်" ဟု ဦးကိုကိုနိုင်က ဆိုသည်။

ယင်းကမ်ပိန်းပြုလုပ်ခြင်းကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် အရပ်ဖက်အဖွဲ့အစည်းအချို့မှ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု  Women Club ဥက္ကဌ  ဒေါ်ကြူကြူခိုင်က ပြောသည်။

" ဒီလို ကမ်ပိန်းတွေပြုလုပ်ပေးခြင်းအားဖြင့် တစ်ဦးနဲ့တစ်ဦး မေတ္တာတရားတွေနဲ့ အပြန်အလှန်ဆက်ဆံလာရင် ငြိမ်းချမ်းရေးဆိုတာ မဝေးတော့ပါဘူး။ အဓိက ကတော့ မေတ္တာတရားနဲ့ ရေရှည်ဆက်ဆံကြဖို့လိုအပ်ပါတယ်" ဟု ဒေါ်ကြူကြူခိုင်က ပြောသည်။

အဆိုပါငမ်ပိန်းအပေါ် ကျေးရွာနေဒေသခံများက ကြိုဆိုခဲ့ကြကြောင်း တွေ့ရသည်။

"  လောကကြီးမှာ သေနတ်နဲ့ပစ်မှ လူသေစေတာမဟုတ်ဘူး။ ဖေ့ဘုတ်ပေါ်ကနေ လူတစ်ယောက်ရဲ့  ဂုဏ်သိက္ခာ၊လူတစ်ယောက်မှာ ရှိတဲ့ စိတ်ဓာတ်တွေကို သေစေ၊ သတ်နိုင်သလို ရှိနေတာကြောင့် မလိုလားအပ်တဲ့ ပြသနာမျိုးတွေ၊ ဒေသတွင်း ငြိမ်းချမ်းရေးကို အနှောက်အယှက် ဖြစ်စေတဲ့  အကြောင်းအရာမျိုးတွေ မဖြစ်စေဖို့ ရည်ရွယ်ချက် ကောင်းကောင်းနဲ့ အခုလို ကမ်းပိန်းတွေ လုပ်မယ်ဆိုတာကို ကြိုဆိုပါတယ်" ဟု ပွင့်ဖြူမြို့နယ် ဇီးတောကြီးကျေးရွာမှ ကိုစိုးပိုင်ကပြောသည်။

မ​ကွေးတိုင်​းဒေသကြီး၊ဧရာဝတီတိုင်​းဒေသကြီးနှင့် ပဲခူးတိုင်​းဒေသကြီး ရှိ တစ်တိုင်းလျှင်  မြို့နယ်(၆)မြို့နယ် ​နေရာအသီးသီး၌ မေလ ၆ ရက်နေ့တွင် အဆိုပါ ကမ်ပိန်းအား တစ်​ပြိုင်​တည်​း ပြုလုပ်​သွားမည်​ဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required