ခေတ်ရေစီးကြောင်းဖက်ရှင်လောကတွင် ပိုမိုသေသပ်သည့် ဟန်ပန်စတိုင်များဖြင့် လူငယ်ထုအကြားရေးပန်းစားမှု မြင့်တက်လျက်ရှိသည့် ဝတ်မှုန်ရွှေရည်အား OPPO Myanmar က ၄င်းတို့ ၏ Ambassador သစ်အဖြစ် တရားဝင် ခန့်အပ်လိုက်ပြီဖြစ်သည်။
OPPO စမတ်ဖုန်းအမှတ်တံဆိပ်မှာ နိုင်ငံပေါင်း၃ဝကျော်တွင် စျေးကွက်ချဲ့ထွင်ကာဝန်ဆောင်မှုပေးလျက်ရှိသည့် နိုင်ငံတကာ ကုမ္ပဏီတစ်ခုဖြစ်ပြီး ငယ်ရွယ်ဖက်ရှင်ကျနမှုကို အထူးဦးစားပေးကာ ခေတ်ရေစီးကြောင်း၏ ပဲကိုင်ရှင်များဟု တင်စားခေါ်ဝေါ်ထိုက်သည့် ခေတ်လူငယ်များသဘောကျနှစ်သက်စေမည့် ထုတ်ကုန်များကို စဉ်ဆက်မပြတ် ထုတ်လုပ်ပေးနေခြင်းဖြစ်သည်။ ထိုကဲ့သို့ ခေတ်လူငယ်ထုများနှင့် ပိုမိုရင်းနှီးနီးကပ်သွားစေရန်အတွက် လူငယ်များ၏ ကိုယ်စားပြုပုံရိပ်တစ်ခုဖြစ်သော အကယ်ဒမီဝတ်မှုန်ရွှေရည်ကို OPPO Myanmar ၏ Ambassador အဖြစ် ဝမ်းမြောက်စွာခန့်အပ်ခဲ့ခြင်းဖြစ်ပြီး အကယ်ဒမီဝတ်မှုန်ရွှေရည်အနေဖြင့်လည်း ဖက်ရှင်ကျနမှုကို စိတ်ဝင်စားလျက်ရှိသည့် လူငယ်ထုအတွက် OPPO Myanmar နှင့်အတူလက်တွဲကာ စိတ်လှုပ်ရှား အံ့သြ စရာကောင်းစေမည့် အစီအစဉ်လှုပ်ရှားမှုကောင်းများစွာကို ပေးအပ်သွားမည်ဟုယုံကြည်ပါကြောင်း OPPO Myanmar ၏ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံမှာသာမက တစ်ကမ္ဘာလုံးကလူငယ်ထုများလည်း ပိုမိုနှစ်ခြိုက်စွာအသုံးပြုနေကြသည့် ကင်မရာဖုန်းဖြစ်သော OPPO Myanmar နှင့် လက်တွဲလုပ်ဆောင်ခွင့်ရသည့်အတွက် များစွာကျေနပ်ဝမ်းသာပါကြောင်း၊ မိမိကိုအားပေးနေကြသည့် မြန်မာတစ်နိုင်ငံလုံးမှ ပရိသတ်များအားလုံးအတွက် ထူးခြားရင်ခုန်စရာကောင်းစေမည့် အစီအစဉ်များတွင် OPPO Myanmar နှင့်အတူ ပူးပေါင်းကာ တင်ဆက်ဖန်တီးပေးသွားဦးမည်ဖြစ်ပါကြောင်း ဝတ်မှုန်ရွှေရည်က ပြောဆိုသွားသည်။
ဝတ်မှုန်ရွှေရည်သည် ၂ဝဝ၆ခုနှစ်မှစတင်ကာ အနုပညာလောကသို့စတင်ဝင် ရောက်ခဲ့ခြင်းဖြစ်ပြီး၂ဝဝ၉ ခုနှစ်မှစတင်ကာ ရုပ်ရှင်နှင့်ဗွီဒီယိုရိုက်ကူးခြင်းများကိုပါ တိုးမြှင့်လုပ်ဆောင်ခဲ့သလို မြန်ဆန်သွက်လက်သည့် သရုပ်ဆောင်ဟန်ပန်အမူအရာများကြောင့် လူငယ်ထုကစောင့်ကြည့်အားပေးခြင်းခံခဲ့ရသည့် အနုပညာရှင်တစ်ဦးအဖြစ်ပိုမိုထင်ရှားလာခဲ့သည်။ ဝတ်မှုန်ရွှေရည်ဆိုသည့် နာမည်ကို တစ်နိုင်ငံလုံးအတိုင်းအတာထိ ပိုမိုလွှမ်းမိုးသွားစေမည့် ကြီးမားသည့်အောင်မြင်မှုတစ်ခုအဖြစ် ၂ဝ၁၅ခုနှစ်အကယ်ဒမီဆုပေးပွဲအခမ်းအနားတွင် “နင်စေရင်” ဇာတ်ကားဖြင့် အမျိုးသမီးသရုပ်ဆောင်ဆုကို ရယူကာ အကယ်ဒမီဝတ်မှုန်ရွှေရည်ဆိုသည့် ဝိသေသလက္ခဏာရပ်ဖြင့် စိုက်ထူနိုင်ခဲ့ခြင်းဖြစ်သည်။ ဆက်လက်၍ ၂ဝ၁၆ခုနှစ်တွင် “နှလုံးသားဖြင့်ပြုလုပ်သည်” ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ရယူကာ နှစ်ထပ်ကွမ်းအကယ်ဒမီဆုရှင်အဖြစ်ပါ မှတ်တမ်းတင်နိုင်ခဲ့ပြန်သည်။ ၂ဝ၁၇ ခုနှစ်အစောပိုင်းတွင် Bangkok to Mandalay ဇာတ်ကားရိုက်ကူးပြီးစီးမိတ်ဆက်ခြင်းအဖြစ် ထိုင်းနိုင်ငံဘန်ကောက်သို့ သွားရောက်ခဲ့သလို အဆိုပါဇာတ်ကားမှာ ထိုင်းနိုင်ငံ၏ Suphanahong Award (Thai Academy Award) ဆန်ခါတင်အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား ၅ကားစာရင်းတွင် တစ်ကားအဖြစ်ပါဝင်နိုင်ခဲ့ပြီး အကောင်းဆုံးအသံဆုကိုပါရရှိခဲ့သည့် အတွက် ဘန်ကောက်သို့ ဒုတိယအကြိမ်မြောက်အဖြစ် သွားရောက်ကာဆုပေးပွဲကို တက်ရောက်ခဲ့သည်။ ၂ဝ၁၇ စက်တင်ဘာလတွင်လည်းရက် ၂ဝကြာမြင့်သည့် “My Country, My Home” ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန်အတွက် ဂျပန်နိုင်ငံသို့သွားရောက်ခဲ့သေးသည်။ လက်ရှိတွင် သွက်လက်သည့်ခြေလှမ်းများဖြင့် အနုပညာလှုပ်ရှားမှုများကို ပိုမိုအလေးထားလုပ်ဆောင်လျက်ရှိသလို ဖက်ရှင်ရေးစီးကြောင်းတွင်လည်း လူငယ်ထု၏ စံပြ Role Model အဖြစ်ပါရပ်တည်လျက်ရှိသည်။