FDA ၀န်ထမ်းအမျိုးသမီးကို သတ်ခဲ့သူ မျိုး​ဇော်​ဦး(ခ)ဆီဒိုးနားဆိုသူကို ​သေဒဏ်​ထိချမှတ်​နိုင်​​သော ပုဒ်​မဖြင်​့ စွဲချက်​တင်​

FDA ၀န်ထမ်းအမျိုးသမီးကို သတ်ခဲ့သူ မျိုး​ဇော်​ဦး(ခ)ဆီဒိုးနားဆိုသူကို ​သေဒဏ်​ထိချမှတ်​နိုင်​​သော ပုဒ်​မဖြင်​့ စွဲချက်​တင်​

 

ရန်​ကုန်​၊ ဧပြီလ ၃ဝ ။         ။ FDA ဝန်ထမ်း ဒုတိယဦးစီးမှူး အမျိုးသမီး အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရသည့် အမှုတွင် တရားရင်ဆိုင်နေရသည့် မျိုးဇော်ဦး(ခ) ဆီဒိုးနားဆိုသူအား ယ​နေ့ ဧပြီလ ၃ဝ ရက်နေ့ ရုံးချိန်းတွင် ​သေဒဏ်​ထိ ပြစ်​ဒဏ်​ချမှတ်​နိုင်​​သော ပုဒ်​မဖြင်​့ စွဲချက်​တင်​​ အမိန်​့ချလိုက်​သည်​။

ယနေ့ ဧပြီလ ၃ဝ ရက်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် မျိုးဇော်ဦး(ခ) ဆီဒိုးနားဆိုသူအား ၁၁ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပြီး ယင်းအမှုနှင်​့ ပတ်​သက်​၍ မျိုး​ဇော်​ဦးအား ခရိုင်​တရားသူကြီးက ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ- ၃ဝ၂ (၁)(ဂ)ဖြင်​့ စွဲချက်​တင်​​ကြောင်​း အမိန်​့ချမှတ်​ခဲ့ခြင်​းဖြစ်​သည်​။

ထိုသို့ ​ ​သေဒဏ်​ထိ ပြစ်​ဒဏ်​ချမှတ်​နိုင်​​သော ပုဒ်​မ- ၃ဝ၂ (၁)(ဂ)ဖြင်​့ စွဲချက်​တင်​​ခဲ့ခြင်​းမှာ တရားပြသက်​​သေများ စစ်​​ဆေးချက်​နှင်​့ ​ဆေးစစ်​ချက်​အရ မျိုး​ဇော်​ဦးဆိုသူက FDA ဝန်​ထမ်​းအမျိုးသမီးထံမှ လက်ဝတ်လက်စားများ လုယက်ခဲ့သည်​့အပြင်​ ဓမ္မတာနှင့်​ဆန့်ကျင်သည်​့ မုဒိန်းမှုအားကျူးလွန်နေစဉ် လူသတ်မှုကိုပါ ကျူးလွန်ခဲ့​သည်​ဟု ယုံကြည်​သည်​့အတွက်​ ခရိုင်တရားသူကြီးက စွဲချက်​တင်​အမိန်​့ချမှတ်​ခဲ့ခြင်​းဖြစ်​​ကြောင်​း သိရသည်​။

ထိုသို့ စွဲချက်​တင်​ အမိန်​့ချမှုနှင်​့ပတ်​သက်​ပြီး မျိုး​ဇော်​ဦး(ခ)ဆီဒိုးနားဆိုသူက ငြင်​းဆိုခဲ့သည်​့အတွက်​ လာမည်​့ ​မေလ ရ ရက်​​နေ့တွင်​ တရားလိုပြသက်​​သေ ဒုရဲအုပ်​ ယာချမ်​း​မြေ့​အောင်​ကို ပြန်​​ခေါ်သက်​​သေအဖြစ်​စစ်​​ဆေးရန်​ တရားရုံးမှ ပြန်​လည်​ချိန်​းဆိုလိုက်​သည်​။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့က မြောက်ဥက္ကလာပဆေးရုံမှ မှုခင်းဆရာဝန်ကြီး၊ အထူးကုဆရာဝန် ဒေါက်တာထွန်းလင်းထွန်းက လာရောက်ထွက်ဆိုခဲ့ရာတွင် ဆေးစစ်ချက်အရ အမျိုးသမီး အင်္ဂါအတွင်း ထိုးသွင်းထားသောလက္ခဏာ ရှိသော်လည်း သုက်ပိုးမတွေ့ရကြောင်း တရားခွင်တွင် ထွက်ဆို ခဲ့သည်။

မျိုးဇော်ဦးဆိုသူကိုလည်း ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ခေါ်ယူ ဆေးစစ်ချက်အရ မျိုးဇော်ဦး ခန္ဓာကိုယ်ပေါ်၌ ပြင်ပဒဏ်ရာများ တွေ့ရှိရပြီး အမျိုးသားသုက်ပိုးကိုမှု တွေ့ရှိခြင်းမရှိကြောင်း မှုခင်းဆရာဝန်က ထွက်ဆိုခဲ့သည်။ FDA ဝန်ထမ်းအမျိုးသမီး သေဆုံးရခြင်း အဓိကအချက်မှာ မှုခင်းဆရာဝန်ထွက်ဆိုချက်အရ လည်ပင်းပတ် လည်အား တင်းကြပ်အောင် ဖိနှိပ်ခံထားရသည့်အတွက် လည်ပင်းအရှေ့ဘက် အရိုးငယ်ကျိုးတဲ့ဒဏ်ရာ၊ လည်ပင်းကြွက်သားတွင် သွေးသွန်၊ သွေးခြေဥ၊ ဖူးရောင်မှုများ တွေ့ရှိရကြောင်း သိရသည်။

ထို့ပြင် ရင်ဘတ် ဖူးရောင်ဒဏ်ရာများ တွေ့ရကာ ရင်ညွှန့်မှာ ကျိုးနေသည့်အတွက် လည်ပင်းနှင့် လည်ပင်း အောက်ရှိ အသက်ရှုပြွန်များပိတ်ဆို့နေပြီး အသက်မရှုနိုင်ခြင်း၊ အဆုတ်နှင့် ရင်ခေါင်းကြွက်သားများ အလုပ်မလုပ်နိုင်ခြင်းကြောင်း သေဆုံးခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required