ရောမခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံခဲ့ကြသည့် ကေတီပယ်ရီနှင့် အော်လန်ဒိုဘလွန်း

ရောမခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံခဲ့ကြသည့် ကေတီပယ်ရီနှင့် အော်လန်ဒိုဘလွန်း

အမေရိကန်နာမည်ကျော်အဆိုတော် ကေတီပယ်ရီနှင့် အင်္ဂလိပ်မင်းသား အော်လန်ဒိုဘလွန်းတို့စုံတွဲသည် အီတလီနိုင်ငံ ရောမမြို့သို့ သွားရောက်ခဲ့သည့် အားလပ်ရက်ခရီးစဉ်အတွင်း ဗာတီကန်သို့ ၀င်ရောက်လည်ပတ် ခဲ့ကာ ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံခဲ့ကြသည်။

သူတို့စုံတွဲသည် ဗာတီကန်၌ပြုလုပ်ခဲ့သော ညီလာခံသို့တက်ရောက်ခဲ့ကြခြင်းဖြစ်ပြီး ရုပ်လွန်ဝါဒတရားအားထုတ် မှု၏ ကောင်းကျိုးများနှင့်ပက်သက်၍ ပြောဆိုခဲ့သလို သူတို့လေးစားရသော ပုပ်ရဟန်းမင်းကြီးနှင့်လည်း တွေ့ဆုံ ခွင့် ရရှိခဲ့ကြသည်။

ကေတီပယ်ရီ၏ အင်စတာဂရမ်ပေါ်မှ ဓာတ်ပုံများနှင့် သူမ၏ထုတ်ဖော်ပြောဆိုခဲ့မှုများအရ သူမနှင့် အော်လန်ဒို ဘလွန်းတို့သည် ပြန်လည်တွဲခုတ်နေကြပြီဟု ယုံကြည်ရသည်။ ပယ်ရီနှင့် ဘလွန်းတို့သည် တစ်နှစ်ခန့်လက်တွဲ ခဲ့ဖူးကြပြီး လွန်ခဲ့သော ၂၀၁၇ ခုနှစ် ဖေဖေါ်ဝါရီလက လမ်းခွဲခဲ့ကြခြင်းဖြစ်သည်။

သို့သော်လည်း မကြာသေးခင်က ပယ်ရီအနေဖြင့် သူမ၏ လူမှုမီဒီယာပေါ်သို့တင်ခဲ့သော ဓာတ်ပုံများနှင့် အင်တာဗျူးများတွင် ပြောဆိုခဲ့သော မှတ်ချက်စကားများအရ သူတို့နှစ်ဦး ပြန်လည်လက်တွဲနေကြပြီဟု ယုံကြည်ရပြီး ပရိသတ်များကလည်း အထူးထောက်ခံအားပေးလျက်ရှိသည်။

Ref: Billboard

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required